Professional Authors

တစ်ခါတစ်ရံအသွေးသား

ရင်ထဲကအသွေးသား
စားနေကြနေသူများ
စိတ်ထားပိပြားတစ်သက်လုံး
မဆုံးနိုင်ကြတော့ပါလား။

ကကြီးကိုရေးချ
ကကြီးပဲထွက်မယ်
ရတာတော့မထွက်ဘူး
စိတ်ထားတွေပြန်ပြင်ရင်တော့
ကကြီးကနေခခွေး
ပြောင်းချင်လည်းပြောင်းမယ်။

လာမယ်ဆိုရင်တော့
ကြိုပြောထား လာကြိုမယ်
တံခါးဝကလား
ဘာတံခါးလဲလို့ဗျာ
ငြိမ်းချမ်းရေး တံခါးဝ
စိမ်းလန်းအေး တံခါးဝ
အခုတော့ မသေကောင်းမပျောက်ကောင်း
ဒုံးတံခါးဝမှာတစ်ခါ
စစ်တံခါးဝမှာတစ်ခါ
ဆုံကြနေပြန်ပြီနော်
အသွေးအသားကတော့ ဆူဝေလို့နေပါဆဲ။

မိုးကြယ်စင်(PTU)

In: ကဗျာ Posted By: Date: May 17, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment