Professional Authors

Mother’s

သူငယ်ချင်းကပြောတော့ အပေါ
မိတ်ဆွေက ပြောတော့ အလကားကောင်
ချစ်သူကပြောတော့ တနာရူး
ဆရာကပြောတော့ လူမိုက်
ကလေးတွေက တေလေကြီးတဲ့
ဒါပေမဲ့……….
ဒါပေမဲ့ သူကတော့လေ
လူချော လူလှ ရှုမဝတဲ့
အမေ………အမေ
သားလေ အမေ ရင်ခွင်မှာ
တခေါက်ပြန် ခိုနားချင်လှတယ်.အမေ….
ကျောင်းကပြောတယ် စည်းကမ်းမရှိဘူး
ကျူရှင်ကပြောတယ် အချိုးပြင်တဲ့
သင်တန်းမှာ သူတို့က အမြင်ကတ်တယ်
အိမ်မှာ လေ စိတ်ထားအဖြူစင်ဆုံးတဲ့
ဘယ်သူပြောမှာတုန်း ငါ့အမေပေါ့
သားအဲဒီလိုဖြေခဲ့တာ ပျော်လိုက်တာ…………….
ရန်မဖြစ်တတ်လည်း အနိုင်ကျင့်ကြတယ်
ငိုတော့လည်း မသနားကြဘူး
ထွက်ပြေးတော့ အခြောက်တဲ့
ငါသတ္တိရှိတယ်ကွ
အမေနားမှာ သားလက်မထောင်လိုက်ရတာ
အားရှိလိုက်တာအမေရယ်………………
သူတို့က ပြောတယ်
ဘယ်မှာလဲအဖေတဲ့
သူတို့က မေးတယ်
မင်းကဘယ်သူ့သားလဲတဲ့
သူတို့က စတယ်
မုဆိုးမသားတဲ့
………………
အမေ သားကို ခွင့်လွှတ်ပါ
သားမခံနိုင်လို့
ရန်ဖြစ်မိပါတယ် အမေ……….
သူတို့က မပေါင်းချင်ကြဘူး
သူတို့က မမြင်ချင်ယောင်ဆောင်တယ်
သူတို့က မသိသလိုနေကြတယ်
အမေက တော့ သားပြန်လာတိုင်း
ထွက်ကြိုတတ်တာ
သားလေ ပျော်လိုက်တာ…..အမေရယ်…..
သူတို့က ဝိုင်းဟားတတ်ကြတယ်
သူတို့က နှာခေါင်းရှုံတတ်ကြတယ်
သူတို့က ခြောက်တွန်းကြတယ်
သားမှာ ပြသာနာတွေကြုံတိုင်း
အမေဖြေရှင်းပေးတတ်တာ
အမေရယ် အရမ်းကိုအားတတ်တာပဲ……………
ခုလေ အမေ မရှိတော့
ခုလေ အမေ ထွက်သွားတော့
ခုလေ အမေ ပြန်မလာတော့……..
………………..
………………..
………………….
အမေရယ် သားကို
ဘဝရဲ့ဝင်္ကပါကြား
မထားခဲ့ပါနဲ့……….
အမေရယ် သားကို
ဘဝရဲ့ ဆူးဒဏ်တွေကြား
ကယ်တင်လှည့်ပါ………
အမေရယ် သားကို
ဘဝဆိုတဲ့ တောနက်ထဲမှာ
အတတ်ပညာတွေ
သင်ပေးလှည့်ပါဦးအမေရယ်……………
…………………….
……………………
……………………..
                           မြူမင်းသွင်

In: ကဗျာ Posted By: Date: Aug 3, 2010
Comment #1

အမေပေးတဲ့အားအင်နဲ့
အသက်ရှင်နေသော လူသားတိုင်းတွက်ပါ

Leave Comments

Name*

Email*
Website
Email me whenever there is new comment