Professional Authors

^^The shadow of U^^

စကားတတ်တိုင်း ပြောတာမဟုတ်ရပါဘူး
ရင်ထဲက စကားတွေ သွန်ကျလာတာပါ
ဖုတ်ဖက်ခါထလာတဲ့ နှလုံးသား
တစ်ခါပြန်လှည့်စားခံရတော့မှာလား။…။

အနီးဆုံးမှာ မဟုတ်ပါဘူး
အဝေးဆုံးက နေပဲချစ်နေတာပါ
ရင်ထဲက မဟုတ်ဘူး
ခန္ဓာကိုယ်တစ်ခုလုံးကပါ
ချစ်ခဲ့တာ
ခုတင်ပေါ်မှာလူးလိမ့်စဉ်းစားနေတာမဟုတ်ဘူး
ကော်ဖီတစ်ခွက်နဲ့ ငါအတည်ပြုနေတာ။…။

ဆံနွယ်တစ်ချက်ယမ်းလိုက်တိုင်း
ဖြစ်ပေါ်လာတဲ့ လေညင်းလေး
ဖမ်းဆုပ်လိုက်တိုင်း
ရင်ထဲအေးတယ်
ရင်ထဲနွေးတယ်
နှုတ်ခမ်းလေး တစ်ချက်တွန့်လိုက်တိုင်း
ဖြစ်ပေါ်လာတဲ့ သံစဉ်လေး
ကြားမိသူတိုင်း
ခံစားရတယ်
ရူးသွပ်ရတယ်
ခြေလှမ်းလေး တစ်ချက်လှမ်းလိုက်တိုင်း
ဖြစ်ပေါ်လာတဲ့ လေလှိုင်းလေး
ထိမိသူတိုင်း
ပူနွေးသွားမယ်
မိန်းမောသွားမယ်။…။

ဂန္တ၀င်မြောက်လှလွန်းသူလေး
ဘာမှမရှိတဲ့ သုညငါ
တောင်းဆိုပါရစေ
မြက်ခင်းပြင်ပေါ်မှာ တွေ့ခဲ့တဲ့
အငွေ့အသက်လေး
ဖမ်းဆုပ်ခွင့်ပေးပါ
ကလေးဆန်တဲ့ နင့်လက်ကလေး
ဆုပ်ကိုင်ခွင့်ပေးပါ
ငါမဖန်တီးနိုင်တဲ့
နင့်အိပ်မက်ထဲ ညစဉ်ဝင်ခွင့်ပေးပါ
နင်လျှောက်လှမ်းမဲ့လမ်းတိုင်း
ထီးမိုးခွင့်ပေးပါ
ခုနှစ်စင်ကြယ် ညတိုင်း
အတူရှိခွင့်ပေးပါ
ဘယ်သွားသွား
နင့်အရိပ်ကလေး ဖြစ်ခွင့်ပေးပါ။….။

In: ကဗျာ Posted By: Date: Aug 2, 2010
Comment #1

ma soe par buu thar lay

commentinfo By: Gipsy Lay at Aug 3, 2010
Comment #2

So much cute.
so sweet.

commentinfo By: ei lay at Dec 1, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment