Professional Authors

ငါ (မင်းသုဝဏ်)

ငါ့ မှာလည်း ငါ ၊ သူ့ မှာ ငါနှင့်
ငါ့ ငါ သူ့ ငါ ၊ တွေ့ ကြခါဝယ်
ငါ နှင့် ငါ ချင်း ၊ ငါ စစ်ခင်းလျက်
ပူပြင်းလျှံရဲ ငါ ပေါက်ကွဲ၏ ။

ငါ ဒုက္ခပေး ၊ ငါ မအေး၍
ငါ အေးရကြောင်း ၊ ခွင့်ခါ ချောင်းလျက်
ငါကောင်းကို ရှာ ၊ ငါဆိုး ခွာသော်
ကွာလေသည် သို့ ၊ ဖြစ်သမြို့ လည်း
ခေါင်းလျှို့ ကိုယ့်ခွေ ၊ ပခြုပ်ဗွေ၌
ငန်းမြွေ မခြား ၊ နှဲသံ ကြားလျှင်
ပါးပျဉ်း ထောင်လျက် ငါသည်ထွက်၏ ။

အို – ဖွားဖက် ငါ ၊ အသင် ငါနှင့်
ငါ မလျှော့တမ်း ၊ အားအင် စမ်းအံ့ ။
အစွမ်း သာသူ ၊ ပန်းဆွတ်ယူလိမ့် ။
ငါမူ ငါ့ကို အောင်မည်လော။ ။
ငါ့ကို ငါက အောင်မည်လော။ ။

မင်းသုဝဏ်
မတ်လ၊ ၁၉၈၂။
ရှုမဝ မဂ္ဂဇင်းမှ

In: ကဗျာ,မင်းသုဝဏ် Posted By: Date: May 3, 2010
Comment #1

ငါနှင့် ငါသာ နှိုင်းစရာဟု…
ငါဂုဏ်မောက်၍နေမိ၏…း))

commentinfo By: မှုံရွှေရည် at Jul 15, 2010
Comment #2

ရင်မှာ ပိုက်ထွေး
စကား ထွေထွေ
ငါအကြောင်း ငါသာဆိုလျက်
ငါ လူဖြစ်သည်
အိုတစ်နေ့  ငါသေမည်

ငါ ဖြင့်အသက်ရှင်နေ သူအားလုံးသို့ …

commentinfo By: Morace at Sep 24, 2010
Comment #3

ရင်မှာ ပိုက်ထွေး
စကား ထွေထွေ
ငါအကြောင်း ငါသာဆိုလျက်
ငါ လူဖြစ်သည်
အိုတစ်နေ့  ငါသေမည်

ငါ ဖြင့်အသက်ရှင်နေ သူအားလုံးသို့ …

commentinfo By: Morace at Sep 24, 2010
Comment #4

ငါ နှင့် ငါ ချင်း စစ်ခင်းတာ
အပြင်းဆုံးပဲ..။

commentinfo By: ရွှေငါး at Apr 22, 2011
Comment #5

ါ ဒုက္ခပေး ၊ ငါ မအေး၍
ငါ အေးရကြောင်း ၊ ခွင့်ခါ ချောင်းလျက်
ငါကောင်းကို ရှာ ၊ ငါဆိုး ခွာသော်
ကွာလေသည် သို့ ၊ ဖြစ်သမြို့ လည်း
ခေါင်းလျှို့ ကိုယ့်ခွေ ၊ ပခြုပ်ဗွေ၌
ငန်းမြွေ မခြား ၊ နှဲသံ ကြားလျှင်
ပါးပျဉ်း ထောင်လျက် ငါသည်ထွက်၏ ။

အို – ဖွားဖက် ငါ ၊ အသင် ငါနှင့်….။

commentinfo By: ဆည်းဆာ(ရဲသူ) at Jul 19, 2011
Comment #6

ငါ့လည်း ငါကို မနိုင်သေးပါတကား..

commentinfo By: ခေတ်လူ at Jan 10, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment