Professional Authors

နှလုံးသားမှာ…..

သမုဒယပြည့် အိမ်လေးထဲမှာ
စိတ်ကူးတွေမလုံ့တလုံ သိမ်းရင်း       
အိနြေ္ဒစည်းရိုးလေး  ကာရံထားလည်း
မျှော်လင့်ခြင်းပြတင်ပေါက်  ဖွင်ထားဆဲရယ်
ဟန်ဆောင်လိုက်ကာပါးလေးနောက်က
မေတ္တာ ဧည့်ခန်းထဲံကိုကြည့်ရင်
သတိတရ စားပွဲပေါ်တင်ထားတဲ့
မျိုသိပ်မှု ပန်းအိုးငယ်မှာ
အကြင်နာပန်းပွင့်လေးတွေပြည့်လို့
တမ်းတရက်ရှည် အမှောင်ထုထဲ
အလွမ်းမီးအိမ်လေး တလတ်လတ်နဲ့
တိတ်တခိုးရှိခဲ့တဲ့ သစ္စာစကားအတွက်
သိကြားစေချင်တဲ့ဆန္ဒ များစွာရှိပေမဲ့
ဖွင့်မပြောခဲ့…….
ခေတ်စနစ်တွေ ဘယ်လိုပြောင်းပြောင်း
မင်းက….. သမိုင်းဟောင်းထဲက မိန်းမသားမို့
ရင်ထဲကစကားတွေ  ဒိုင်ယာရီဖြစ်ခဲ့
ခပ်ယဲ့ယဲ့ နှလုံးသားမှာ……….။    ။

In: ကဗျာ Posted By: Date: May 16, 2013
Comment #1

အားပေပါသည်

commentinfo By: ei lay at May 17, 2013
Comment #2

အားပေမှုအတွက် ကျေးဇူးပါ……

commentinfo By: waiphyomauk at May 17, 2013
Comment #3

ကောင်းပါတယ်

commentinfo By: maypyo22889 at May 18, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment