Professional Authors

ပိုးဖလံငယ်ရဲ့ဆန္ဒ(တက္ကသိုလ်ဘုန်းနိုင်)

ဖန်တရာတေအောင်
လူတွေပြစ်မှား
အပေါစားလုပ်ထားကြတာမို့
ငါကပါပြစ်မှား
ထပ်အပေါစားလုပ်ဖို့ကို
 မလိုတော့တဲ့ စကားတစ်လုံး
အကောက်အယူလွဲမှား
 အများက အထင်သေး
မလေးမစားလုပ်ပြီးကြတာမို့
မင်းကပါအထင်သေး
 ထပ်မလေးမစားလုပ်ဖို့ကို
မလိုတော့တဲ့ ဝေဒနာတစ်ခု။
 စိတ်ပျက်ရခြင်းနှင့်
မယွင်းအောင်တူပြီးနေတာမို့
ပညာသတိက
ကွပ်ဖိထိန်းချူပ်
ဝင်ချွန်းအုပ်ပေးဖို့ကို
 မလိုတော့တဲ့ မျှော်လင့်မှုတစ်ရပ်။
ပြီးတော့
တစ်ပါးသောသူဆီကထက်
လက်ခက်တိုထွာ
 မင်းဆီကလာမယ့်
ကရုဏာဆိုတဲ့ ရှားပါးပစ္စည်း။
 အချစ်လို့
လူတို့ခေါ်တဲ့သည်အရာကို
ငါမပေးနိုင်ဘူးလေ
ဒါပေမယ့် အဲဒါအစား
 နှလုံးသားကပင့်ပြီး
 အထက်မြှင့် မြှောက်တင်တော့
 ကောင်းကင်ဘုံကတောင်ကွယ်
မငြင်းမပယ်တဲ့
ကိုးကွယ်ခြင်းမျိုး
ပိုးဖလံငယ်ရဲ့
ကြယ်ကိုလိုချင်တဲ့ဆန္ဒ
 ညကနံနက်ကို
 လိုချင်တဲ့ဆန္ဒ
လူ့ဘ၀ရဲ့သောက
မျက်ရည်လောကများရဲ့ ဟိုမှာဘက်
 အဲသည်ဘက်က တစ်စုံတစ်ရာကို
ကိုယ်ကို နှင်းအပ်
ဆည်းကပ်ရိုကျိုး
သဒ္ဒါနှင့် မြတ်နိုးခြင်း
အင်း….ဒါမျိုးကိုတော့ မင်း…
မင်း  လက်မခံချင်ဘူးလား။ ။
                                (ရှယ်လီ)

(တမ်းတမိခြင်း)ကဗျာစာအုပ်မှ ဘာသာပြန်ကဗျာလေးဖြစ်ပါသည်။

Comment #1

လူ့ဘ၀ရဲ့သောက
မျက်ရည်လောကများရဲ့ ဟိုမှာဘက်
အဲသည်ဘက်က တစ်စုံတစ်ရာကို
ကိုယ်ကို နှင်းအပ်
ဆည်းကပ်ရိုကျိုး
သဒ္ဒါနှင့် မြတ်နိုးခြင်း
အင်း….ဒါမျိုးကိုတော့ မင်း…
မင်း လက်မခံချင်ဘူးလား။ ။

commentinfo By: May Kha at Aug 16, 2011
Comment #2

ဆည်းကပ်ရိုကျိုး
သဒ္ဒါနှင့် မြတ်နိုးခြင်း
အင်း….ဒါမျိုးကိုတော့ မင်း…
မင်း လက်မခံချင်ဘူးလား။ ။ ……………… စာရေးသူက ယောက်ျားလေးလားမသိ …….

commentinfo By: linlatarkar at Aug 17, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment