Professional Authors

နှလုံးသားမှာခံတပ်ကြီးကြီးဆောက်ထားပါ…ချစ်သူ

ဒိုင်ယာရီထဲက
စာရွက်အချို့ကို
မီးရှို့ပစ်လိုက
်သလို
အတိတ်ထဲံက
အရိပ်မည်းအချို့ကို
ပြာချပစ်လိုက်ချင်တယ်….။
ဘုရင့်နောင်လိုဖောင်ဖျက်တိုက်ပွဲဝင်ခဲ့ရင်
မင်းနှလုံးသားနယ်မြေပေါ်
ခြေတစ်လှမ်းစာလောက်ဖြစ်ဖြစ်
ကျူးကျော်ဝင်ရောက်နိုင်ခဲ့မှာပဲ….။
အခုမှ…….
(နောက်ကျခဲ့တယ်ဆိုပေမယ့်)
နောင်တကိုခေါင်းပေါ်ရွက်
ဟန်ဆောင်မျက်နှာဖုံးတွေခွာချပြီ
ဆုံမှတ်ပြန်တည့်ဖို့
မင်းရင်ခွင်တစ်ခုလုံးကိုစစ်မျက်နှာဖွင့်မယ်…..
အစွမ်းကုန်တိုက်စစ်ဆင်နယ်ချဲ့မှာမို့
မင်းနှလုံးသားမှာခံတပ်ကြီးကြီးဆောက်ထားပါချစ်သူ…………။ ။

In: ကဗျာ Posted By: Date: Feb 22, 2013
Comment #1

oh. yes
wow…
😛
this sweet poem made me smile.
thz so much

commentinfo By: ei lay at Feb 22, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment