Professional Authors

နှလုံးသားမှပဲ့တင်သံ

ဝေးဝေးပါစေ လွမ်းမောပြေဖို့ 
မျှဝေခံစား ချစ်သူနားသို့ 
စေပါးသ၀ဏ် မေတ္တာကျွန်ဖြစ်
အလွန်ညစ်နွမ်း စာရွက်ခြမ်းနှင့်
မှတ်တမ်းကာရေး ငါ့ချစ်ကြွေးတွေ
ဒီဘ၀မှာပဲကျေပါရစေ…။
ချစ်ချစ်မုန်းမုန်း ဟန်ဆောင်ပြုံးနဲ့ 
သက်လုံးဘ၀ နေမရလို့ 
ဖွင့်ဟကာပဲ လွမ်းပါရစေ…။
မဆုံးချစ်ကြွေး တရေးရးကို
ဝေးဝေးသည်ထိ မျှော်လင့်မိတာ
သူသိသော်ငြား လှည့်စားသွားလို့ 
ေ၀၀ါးမျက်ဝန်း နှစ်ဖက်စွန်းမှာ
မဆုံးမျက်ရည် ကြွေကျသည်ကို
ပွင့်လင်းစွာပဲပြောပါရစေ…။
ရင်မှပေါက်ဖွား နှလုံးသားကို
ကစားစရာ ရုပ်ပမာလို
သတိရလိုက် မရလိုက်နဲ့ 
တမင်ကြည်စား နေသည်များကို
သိပါသော်လဲ ခွင့်လွှတ်သည်…။
ထို့ ကြောင့်……
ချစ်သူရှိရာ ဒေသကွာကို
ကြင်နာချစ်ခြင်း ပေးဆပ်ရင်းဖို့ 
ပျက်ယွင်းမရှိ စက္ကန့်မိနစ်
အတိအကျ တွေးကာဆလို့ 
မေတ္တာကရုဏာ ပွေ့ ပိုက်ကာနှင့်
အပြေးအလွှား ရောက်အောင်သွားရန်
နေ့ တိုင်းမှာပဲတွေးမိသည်…။
ချစ်သူသိလေ…
ရင်မှဝင်ခံ ရိုးသားဟန်ဖြင့်
အကြင်နာသဲ ရင်မှာစွဲလို့ 
အမြဲမပျက် သည်တစ်သက်မှာ
ချစ်မပျက်နိုင် မောင့်သက်လှိုင်ကို
မပြိုင်သောချစ် ခိုင်သောချစ်နှင့်
တကယ်နှစ်သက် စွဲလမ်းတက်လို့
သက်လုံးမှာပဲချစ်ပါရစေ…..။

ဝေဟင်(နတ်မောက်)

In: ကဗျာ Posted By: Date: Nov 19, 2012
Comment #1

😉
🙂
🙂

commentinfo By: ei lay at Nov 19, 2012
Comment #2

ရင်မှပေါက်ဖွား နှလုံးသားကို
ကစားစရာ ရုပ်ပမာလို
သတိရလိုက် မရလိုက်နဲ့ 
တမင်ကြည်စား နေသည်များကို
သိပါသော်လဲ ခွင့်လွှတ်သည်…

commentinfo By: mayviolet at Nov 19, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment