Professional Authors

ကိုယ့်ပေါင် ကိုယ်လှန်ထောင်းမိခြင်း

ခင်ဗျားရေးတဲ့ ဇာတ်ထုပ်ထဲ
ကလို့ သာနေရတယ်
စည်းချက်လည်းမရှိ ၊ အပြီးသတ်လည်း မသိ
ရယ်လိုက် ငိုလိုက် ၊ ပြုံးလိုက် မဲ့လိုက်
တကယ်ဆို ကိုယ်ဘာကောင်မှန်းတောင်သိခွင့် မရှိတဲ့
အဲ့ဒီ့ဇာတ်မှာ ကျနော်ဟာရုပ်သေးလူ
ခင်ဗျားက သေဆိုရင်သေ
ခင်ဗျားက ရှင်ဆိုရင်ရှင်
နာခံဖို့  အသင့်ပါပဲ
တစ်ခါတုန်းများကဆို…
ကျနော်………………..
………………………..
………………………..
ဆက်မပြောချင်တော့ပါဘူး
ခင်ဗျားလို လူစားက ပြောလဲ ပြောပဲပေါ့
ဒါဏ်ရာတွေ သာ ရင်နဲ့ မဆန့် တော့လို့ 
ဝေဒနာတွေ က စကားပြောတတ်နေတာ
သူ့ အလို ဆန္ဒနဲ့ သူပါ (ကျနော့် ပရောဂမပါ)

ခင်ဗျားလို……
ဂျပိုးကိုလိပ်ဖြစ်အောင်ရှင်းမပြတတ်တော့
တစ်ခါ တစ်ခါ မုန်းတယ်လို့ ကြေငြာရတာ
ကိုယ့်လိပ်ပြာတောင် ကိုယ်သနားတယ်
ဘာပဲပြောပြော ခင်ဗျားရေးတဲ့ဇာတ်မှာ
ခင်ဗျားသာအနိုင်ရသင့်တာပါ…။

In: ကဗျာ Posted By: Date: May 12, 2013
Comment #1

မုန်းတယ်ပြောရတာ ကိုယ့်လိပ်ပြာတောင်ကိုယ် သနားလာပါပြီ ဗျာ…
တကယ် ပြောတာပါ… နောက်ဆို ဒီလို ကဗျာ တွေ မရေးချင်တော့ပါဘူး… 🙁

commentinfo By: ZzzZ at May 12, 2013
Comment #2

နှလုံးသားနှင့်ခံစားသွားပါသည်

commentinfo By: ei lay at May 12, 2013
Comment #3

ခင်ဗျားက သေဆိုရင်သေ
ခင်ဗျားက ရှင်ဆိုရင်ရှင်

commentinfo By: မေပျို at May 12, 2013
Comment #4

ဟုတ်တယ် မေ…
ကျနော် က နှလုံးသား ရဲ့ အစေအပါး 😛

commentinfo By: ZzzZ at May 13, 2013
Comment #5

ကဗျာ တွေ စာတွေ နဲ့  မေးတယ်ထင်လို့ 
ကဗျာတွေ စာတွေ နဲ့ ပြန်ဖြေကြည့် တာ
ဒီရက်တွေ မှာ ဘယ်သူဘာပြောပြောကဗျာလို့  ထင်နေလို့ ပါ…။

commentinfo By: ZzzZ at May 13, 2013
Comment #6

ကောင်းပါပေါ့ ..
ဘယ်သူပြောပြော ကဗျာထင်တော့ ပိုကဗျာဆန်တာပေါ့
နောင်တော်ရယ်

commentinfo By: မေပျို at May 13, 2013
Comment #7

ကဗျာ ဆရာ ကလောင် နာမည်လေးး တပ်ထားပေးစေချင်ပါတယ်။။။။ ဒါမှ ပြန် Share တဲ့အခါ ကျောရှင် နာမည် တပ်ပေးလို့ရမှာပါ…၊ အကြံပေးတာပါ ခင်ဗျာာာာ.။

commentinfo By: zawthetoo at May 13, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment