Professional Authors

မျှော်လင့်ချက်ရှင်းရှင်း ဒြပ်..(သက်ရှိနှင့်သက်မဲ့) အဖြစ်မျှမျှတတ ရှင်သန်ခြင်း.။

ရေ
မြေ
လေ
သစ်ပင်
ဒီလေးမျိုးစလုံးက လူတွေလိုသာ စကားပြောတတ်ခဲ့မယ်ဆိုရင်<<……
သဘာဝကို ပကာသနလောက်မမက်တဲ့
လူတွေ..ဆီ စာတစ်စောင်ရေးပေးချင်တယ်…..
ဖြစ်နိုင်ရင် .. တစ်ယောက် တစ်စောင် လက်ကမ်းဝေငှချင်မိတယ်…။

<<<<သို့
(ဇိမ်သက်သက်လူတန်းစားများသို့ …)

ရေ -<< ခင်ဗျားတို့ လူတွေ ပြောပြောနေတဲ့ ငွေ ဆိုတာကြီးက ကျုပ်လောက်
ခင်ဗျားတို့ အပေါ် မေတ္တာ ထားပါ့မလား .. ။ (ရေ=မေတ္တာ)

မြေ -<< ခင်ဗျားတို့ လူတွေ ပြောပြောနေတဲ့ ဂုဏ် ဆိုတာကြီးက ကျုပ်လောက်
ခင်ဗျားတို့ အပေါ်မြောက်စား ထားပါ့မလား.. ဘယ်သူတက်နင်းနင်း ကျုပ်ကနှိမ့်ချခံပြီးချစ်ရတာပါ..။ (မြေ=ခန္တီ)

လေ -<< ခင်ဗျားတို့ လူတွေ ပြောပြောနေတဲ့ တီထွင်အောင်မြင်မှုတွေ ဆိုတာကြီးက ကျုပ်လောက်
ခင်ဗျားတို့ အပေါ် သစ္စာ ထားပါ့မလား.. မပြောင်းမလဲ မှားမှားမှန်မှန် အမြဲတမ်း ခင်ဗျားတို့ ရှူရှိုက်သလောက်
ကျုပ်သစ္စာရှိရှိ အခုထိရှိနေတာ ပါ.. ။ (လေ=သစ္စာ)

သစ်ပင်-<< ခင်ဗျားတို့ လူတွေ ပြောပြောနေတဲ့ လူ့သဘောသဘာဝ ဆိုတာကြီးက ကျုပ်လောက်
ခင်ဗျားတို့ အပေါ် ချစ်ပါ့မလား …ခင်ဗျားတို့ ရှင်သန်ဖို့ ကျုပ်အရာအားလုံးအသေခံရဲတာပါ။ (သစ်ပင်=အချစ်..)
အတွင်းကျကျ အလုံးစုံ မြတ်နိုး
နားလည်နိုင်ပါစေ ..
(မှ လူတွေကိုချစ်တဲ့ သဘာဝ)>>>>
……………………..…………..
ပြန်စာ
****
လူဖြစ်နေတဲ့ ….ကျုပ်တို့ လူ့ဘ၀မှာ…
ရေနှင့်တူသောမေတ္တာ
မြေနှင့်တူသောခန္တီ
လေနှင့်တူသောသစ္စာ
သစ်ပင်နှင့်တူသောအချစ် တို့ဖြင့်
ခင်ဗျားတို့လိုပဲ(ရေ မြေ လေ သစ်ပင်)…
မျှော်လင့်ချက်ရှင်းရှင်း မာန်ကင်းကင်း
ရှင်သန်ချင်ပါတယ်..။

ရေ မြေ လေ သစ်ပင် …
ခင်ဗျားတို့ သာ လူစကားနားလည်မယ်ဆိုရင်<<…….
လူပီသတဲ့လူတိုင်းက ပြောချင်တဲ့ တစ်ခွန်းထဲသောစကားဆိုပါရစေ..။
<<<လူ့လောကမှာ
ခင်ဗျားတို့ကြောင့် ကျုပ်တို့တတွေ ပျော်ရွှင်ကျန်းမာနေရပါတယ်။
ဘယ်သူသေသေ ငတေမာနေတဲ့လူတွေရဲ့ အတ္တတွေအတွက် တောင်းပန်ပါရစေ..
ဒေါသဖြင့်လောင်မီးမမြှိုက်ကြပါနဲ့
.. ပူလောင်လွန်းပါတယ်…။
ခင်ဗျားတို့ရဲ့ ရှင်သန်ခြင်း ပီတိဖြင့်..
ခင်ဗျားတို့ (ရေ မြေ လေ သစ်ပင် )တွေလည်း…
သက်တော် သောင်းကျော် ရှည်ပါစေ ..အစဉ်တည်တံ့ခိုင်မာနေပါစေ.…။
…။>>>

လေးစားစွာ…
by_HM@MCK(သဘာဝတရားကို တန်ဖိုးထားလျက်)

In: စကားပြေ Posted By: Date: Aug 29, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment