Professional Authors

အချစ်နှင့် ပြန်တွေ့ခြင်း

ရနံ့တွေရဲ့ ပျိုမြစ်မှုကို
လေပြည်ညှင်းက သယ်ဆောင်တယ်..

လမ်းခွဲချိန်ရဲ့ နေရောင်ဟာ
မှိုင်းညို့ပြာရီလို့
တစ်ချိန်လုံးတောက်လောင်ခဲ့တာ
ဒီတစ်ခါတော့ အေးချမ်းပါရစေတော့…

တိတ်ဆိတ်ကြေကွဲခြင်းမှာ
လွမ်းဆွတ်တာတွေ ပါဝင်လေရဲ့…
နှောင်ကြိုးအထပ်ထပ် ချီနှောင်ခံရပြီးမှ
လဲကျ ပြိုကွဲခဲ့ရတယ်….

အကြိမ်ကြိမ်ပြန်အထမှာ
ဒါဏ်ရာတွေ စွန်းထင်းခဲ့တာ
ငါ့ကိုငါ တောင် မမြင်နိုင်တော့ဘူး…

ဒီလိုနဲ့ အသစ်တွေ ဖန်ဆင်းတော့
အတုတွေဖြစ်နေပြန်ရော..

ရင်နာစရာဟာ အတိတ်မှာဆိုပေမဲ့
အရိပ်လိုလိုက်လာခဲ့တာ
… ဟော ခုတော့ ငါ့ကို ကျော်ပြီး
ငါနဲ့မျက်နှာချင်းဆိုင် ကြည့်နေပါ့လား …
… သြော် မှတ်မိပြီ…မှတ်မိပြီ…
… အချစ်ဆိုတာ မင်းကိုကွ….

In: ကဗျာ Posted By: Date: Jun 7, 2010
Comment #1

အချစ်ဆိုတာ သူပါပဲ

commentinfo By: poht at Jun 15, 2010
Comment #2

a chit so tar mg pop.
he..he…

commentinfo By: ei lay at Nov 25, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment