စာမျက်နှာများ
ငါ့ တိုင်းပြည်မှာ
လက်ဗလာသက်သက်နဲ့ သိမ်းမြန်းခဲ့သူရေ
ခုတော့ ကဗျာတွေတလက်လက်တောက်ပ
သူမ . . . . ဘယ်အာကာသမှာ ထိမ်းမြားခဲ့ပြီလဲ…
နစ်မယ့်သင်္ဘောမှန်းသိသိနဲ့
လိုက်ခဲ့တဲ့ကောင်ပါ
ဥသြမပါလဲ နွေဟာနွေပါပဲ
မိုးစွေငှက်ကိုတော့
မျက်နှာလွှဲလိုက်ရတာပေါ့လေ…
ဒုက္ခတွေရဲ့ဟိုမှာဘက်ကမ်းမှာ
သာယာချမ်းမြေ့ပါစေ အချစ်ရေ
လနဲ့နေမပါလဲ
နေ့စွဲဟာနေ့စွဲပဲပေါ့ကွယ်
နောင်တမရအောင်ချစ်ခဲ့ပါတယ် တကယ်…
ငါ့အော်ခေါ်သံတွေ ပြန်မလာနိုင်ကြတော့
ငါ့နားတွေပဲ လိုက်ခဲ့တော့မယ်
ရပါတယ်
ညနေတွေရဲ့ ကွယ်ရာ
နာမည်တွေကို ချမကျွေးကြေးပေါ့ကွယ်…
မိန်းကလေးရေ
ခုတော့ ဒီလိုပဲခေါ်ရတော့မယ်
သူမအာရုံပြုရာ
ငါ ထပ်မဖြစ်ရပါစေနဲ့
အဲ့ဒီလောက်ကို ငါ အမျက်ကြီးခဲ့မိတယ်ကွယ်…
ယုံကြည်မှုကို တက်ထိုင်မိလို့
ငါ့ ဇာတ်လမ်းအနုကြမ်းစီးခံရတယ်
သူမ မပါပေမယ့်
မိုးပြေးတွေအပေါ် မရိုင်းခဲ့ပါဘူး
ခုထိ
ငါ့ရင်ထဲရှာကြည့်
နိဂုံးမထည့်ထားတဲ့ ပြဇာတ်တစ်ပုဒ်
တစိုးတစိတော့ ကျန်နေတုန်းပဲ….
(လမ်းခွဲနက္ခတ်တော့ နည်းနည်းကြမ်းသပေါ့လေ)
ရင်ခွင်တွေနဲ့ထွင်းပြီး
ရာဇ၀င် ခင်းကျင်းချင်သူရေ
အရပ်ပျက် ခမ်းနားမှုအတွက်
ငါ့ကို အိပ်မက်ကထုတ်ပယ်ခဲ့တာ
ကျေးဇူးပါ…
ကျန်ရစ်သူ ငါ့အတွက်
ဝေပုံကျ ရစ်သမ်တစ်ခု
ရှိစုမဲ့စု သိက္ခာတစ်နပ်နဲ့ပဲ တင်းတိမ်ပါရဲ့
မင်းနဲ့ဆိုတာ
အတိတ်က ပြုစားခံရဖူးတယ်ပေါ့ကွယ်….
Comment #2
Khan sarr arr pay twar par de
By: ei lay at Apr 28, 2013




Comment #1
ဒုက္ခတွေရဲ့ဟိုမှာဘက်ကမ်းမှာ
သာယာချမ်းမြေ့ပါစေ အချစ်ရေ
လနဲ့နေမပါလဲ
နေ့စွဲဟာနေ့စွဲပဲပေါ့ကွယ်
နောင်တမရအောင်ချစ်ခဲ့ပါတယ် တကယ်…