Professional Authors

လမ်းခွဲတဲ့………

ဆုံတွေ့ဖူးကြလို့သာ
လမ်းခွဲခြင်းဆိုတာ ရှိလာတာပါ။

လမ်းခွဲခြင်းဆိုတာလည်း
ချစ်ခြင်းမရှိဘဲ ဖြစ်တည်မလာပါဘူး။

သစ္စာတရားကို သိဖို့
အချိန် နဲ့ သစ္စာမဲ့မှူပဲ လိုတယ်။

အချစ်စစ် ဆိုတာတော့
ချစ်ခဲ့ဖူးတဲ့
စွန့်ခွါသွားဖူးတဲ့သူအတွက်
တကယ် ချစ်ခဲ့မိတယ်ဆိုတာ
သိတဲ့နေ့(လှည့်ပြန်လာတဲ့နေ့)
အဲ့ဒီနေ့အထိတော့ ကြာတာပေါ့။

ဒါတွေက ငါ ဖော်ကျူးခြင်းမဟုတ်ဘူး
သတ်မှတ်ခြင်း မဟုတ်ဘူး
အမှန်တော့ ငါ ……………
ဖြေသိမ့်မှူတွေပေးနေတယ် (ငါကိုယ်တိုင်အတွက်ပေါ့)။

လမ်းခွဲခြင်းရှိခဲ့သော်လည်း …. ချစ်သူ
ငါ … ရိုးရိုးလေးပဲ ပြောပါမယ်
နင့် ကို ငါ အရမ်းလွမ်းတယ် …….. ။

(၁၈-၁-၂ဝ၁၁)

In: ကဗျာ Posted By: Date: Jan 18, 2011
Comment #1

လမ်းခွဲခြင်းရှိခဲ့သော်လည်း …. ချစ်သူ
ငါ … ရိုးရိုးလေးပဲ ပြောပါမယ်
နင့် ကို ငါ အရမ်းလွမ်းတယ် …….. ။
အားပေးနေတယ် မပန်းအိ

commentinfo By: genius.jinx28 at Jan 19, 2011
Comment #2

Thanks genius.jinx28 and please forgive that my late. ….. 🙂

commentinfo By: pannei at Jul 8, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment