ငါ့ လို အဖြစ်မျိုးနဲ့ ဝေးပါစေ…(genius)
သေချာတဲ့အချစ်ကို
လိုချင်တာတဲ့လား.?
သေချာရေရာမှုတွေ ပျက်စီသွားအောင်
မင်းကိုယ်တိုင်ပဲ ၇ိုက်ချိုးပစ်ခဲ့တာလေ …
ခံစားမှုနှလုံးသားကိုအတုဆင်
မင်းကိုယ်တိုင်ပဲ
အချစ်ဆိုပြီး ပေးအပ်ခဲ့တာလေ …
မြတ်နိုးတန်ဖိုးထားတတ်မှုဆိုတာ
ဘယ်လို့အရာမှန်း မသိတဲ့
မင်းအတွက်တော့
ငါ့အချစ်တွေက
ဟာသတစ်ပုဒ်ဖြစ်မှာပေါ့၊
ပြောချင်တာတွေ ပြောသွား
သူငယ်ချင်းတွေရှေ့
ငါ အရှက်ကွဲသလို့
မင်းဘ၀မှာ မကြုံပါစေနဲ့ ချစ်သူ…
ကိုယ်ပိုင်ဖန်တီးတဲ့အချစ်
တစ်ပါးသူ ၇ိုက်ချိုးသွားမှန်းသိရင်
မပွင့်လန်းခင်တည်းက သတ်ပစ်ခဲ့တယ်။
နိုင်ပြီးတိုင်း အနိုင်ယူ
အ၇ှုံးတွေကို ထွေးပိုက်၇င်း
ငါ့ လို မျက်၇ည်မကျပါစေနဲ့ ချစ်သူ …
တစ်ချိန် မင်းအတွက်
ရယ်စရာဖြစ်နေမှာဆိုတော့
အခုတည်းက ..
ရယ်ပါ ၊မောပါ၊ ပြုံးပျော်ပါ။
သြော် … နောက်ပြီ
မင်းလည်း ငါ့ လို မချစ်တတ်လာပါစေနဲ့ ….
Comment #3
သေချာတဲ့အချစ်ကို လိုချင်တာတဲ့လား.?
သေချာေ၇၇ာမှုတွေ ပျက်စီသွားအောင်
မင်းကိုယ်တိုင်ပဲ ၇ိုက်ချိုးပစ်ခဲ့တာလေ …
မတ်နိုးတန်ဖိုးထားတတ်မှုဆိုတာ
ဘယ်လို့အ၇ာမှန်း မသိတဲ့
မင်းအတွက်တော့
ငါ့အချစ်တွေက ဟာသတစ်ပုဒ်ဖြစ်မှာပေါ့၊
ပြောချင်တာတွေ ပြောသွား
သူငယ်ချင်းတွေေ၇ှ့ ငါ အ၇ှက်ကွဲသလို့
မင်းဘ၀မှာ မကြုံပါစေနဲ့ ချစ်သူ…
ကိုယ်ပိုင်ဖန်တီးတဲ့အချစ်
တစ်ပါးသူ ၇ိုက်ချိုးသွားမှန်းသိ၇င်
မပွင့်လန်းခင်တည်းက သတ်ပစ်ခဲ့တယ်။
နိုင်ပြီးတိုင်း အနိုင်ယူ
အ၇ှုံးတွေကို ထွေးပိုက်၇င်း
ငါ့ လို မျက်၇ည်မကျပါစေနဲ့ ချစ်သူ …
တစ်ချိန် မင်းအတွက်
၇ယ်စ၇ာဖြစ်နေမှာဆိုတော့
အခုတည်းက ..
၇ယ်ပါ ၊မောပါ၊ ပြုံးပျော်ပါ။
အော်.. နောက်ပြီး
မင်းလည်း ငါ့ လို မချစ်တတ်လာပါစေနဲ့ …တစ်ပုဒ်လုံးကြိုက်လို့ဘယ်လိုမန့်ရမှန်းတောင်မသိတော့ဘူးဗျ…
By: terry at Mar 10, 2011
Comment #5
အော်.. နောက်ပြီး
မင်းလည်း ငါ့ လို မချစ်တတ်လာပါစေနဲ့ ….
ကြိုက်ပါ၏.. အားပေးပါ၏
By: abcd at Mar 10, 2011
Comment #7
အရမ်းမိုက်တယ်နော်ကဗျာလေးတွေကအမြဲအားပေးနေမယ်နော်
By: suhnin at Mar 11, 2011
Comment #8
မင်းလိုအဖြစ်မျိုးနဲ့ ဝေးပါစေ
By: ခင်ဘုန်းနေ at Mar 11, 2011
Comment #10
မင်းလိုမဖြစ်ချင်ဘူးလေ ။ မင်းပြောထားသလိုပဲ
ကိုယ်ပိုင်ဖန်တီးတဲ့အချစ်
တစ်ပါးသူ ၇ိုက်ချိုးသွားမှန်းသိ၇င်
မပွင့်လန်းခင်တည်းက သတ်ပစ်ခဲ့တယ် ဆိုတဲ့အတိုင်းပဲပေါ့
ကိုယ်တိုင်စိုက်ပျိုးမိတိုင်း ကိုယ်ပိုင်ပဲ ရိတ်သိမ်းလိုက်မယ်
By: ခင်ဘုန်းနေ at Mar 11, 2011
Comment #11
တစ်ပုဒ်လုံးကြိုက်တယ် …
အော်.. နောက်ပြီး
မင်းလည်း ငါ့ လို မချစ်တတ်လာပါစေနဲ့ … >>>>>>>
အဲ့နေရာ အကြိုက်ဆုံးပဲ …
By: eintmyat at Apr 13, 2011
Comment #12
အခုလို အားပေးကြတဲ့ သူငယ်ချင်းမောင်နှမအားလုံးကို
အ၇မ်းကျေးဇူးတင်ပါတယ်…..
By: genius.jinx28 at Apr 19, 2011
Comment #14
100% right.
coz of love,feel hurt so much.
By: ei lay at Jun 23, 2011
Comment #15
အရမ်းအရမ်းကြိုက်…..
By: biebie at Jun 23, 2011
Comment #16
အခုချိန်ထိအားပေးတဲ့မောင်နှမများအားလုံးကျေးဇူးတင်ပါတယ်။
By: poem.poem28 at Jun 23, 2011
Comment #21
“မင်းလည်းငါ့လို မချစ်တတ်လာပါစေနဲ့ “..ချစ်တတ်လာမှာလည်း မဟုတ်ပါဘူးလေ..ဘာဖြစ်လို့လည်းဆိုတော့ ငါ့လောက် ချစ်တတ်တဲ့သူ ဒီကမ္ဘာပေါ်မှာ ရှိမှာ မဟုတ်တော့လို့ပါပဲ..
By: htatehtar at Aug 22, 2011
Comment #22
အရမ်းကိုမိုက်ပါတရ်……..
By: su pone at Aug 22, 2011
Comment #23
စောရယ်တို့ကလဲ ပေးတာ ကဗျာ တစ်ပုဒ်လုံးပဲ
By: လူပါးဝသူ at Aug 30, 2011
Comment #24
he,,he,.,
a ko ka le a yan nout tat tar pe naw.
thu kyike lun loh pay dar bar phyit tone loh.
ha,,ha,,
sate soe p nout comment ma pay be nay ong me,
this poem,itself,is excellent.
really perfect.
so nice.
By: ei lay at Aug 31, 2011
Comment #26
ဒီကဗျာလေးကို အားပေးတဲ့ညီအစ်ကိုမောင်နှမများအားလုံးကျေးဇူးတင်ပါတယ်။
By: poem.poem28 at Oct 6, 2011
Comment #27
i like this poem…..
By: ကြယ်စင်နတ်သမီး at Mar 20, 2012
Comment #29
တစ်ပုဒ်လုံး good တယ်ဗျာတစ်ကယ်ကောင်းတယ်
By: Aryone Oo at Feb 22, 2013
Comment #30
ကဗျာကောင်းလေးပဲဗျာ
By: moehtetaung18 at Feb 22, 2013
Comment #31
မင်းလည်း ငါ့ လို မချစ်တတ်လာပါစေနဲ့
လန်းတယ် စာသားက
ဖတ်သွားတယ်ဗျာ ~~
With respect,
RAY
By: X - ray at Feb 22, 2013




Comment #1
အဟမ်း…အဟမ်းး….အားပေးသွားတယ်နော်…