မကြားရပါစေနဲ့ (မင်းကိုချစ်တဲ့သူ)
နောက်တစ်ခေါက် မကြားရပါစေနဲ့…
မလာတော့ဘူးလို့ ဆုံးဖြတ်ထားရင်လဲ
ငါမသိအောင်ပဲ တိတ်တိတ်လေးနေပေးပါ…
မျှော်လင့်ချက် တထုပ်တပိုးနဲ့
နင်ရောက်မယ့်ရက်ကို စောင့်ရင်း
မပြုံးတာကြာပြီဖြစ်တဲ့
ငါ့အပြုံးတွေကို…
သဘာဝကျကျ ပြုံးတတ်ဖို့
ငါပြန်လေ့ကျင့်နေခဲ့ရတာပါ…
ပေးဆပ်မှုက ဘာမှမဟုတ်ခဲ့ပေမယ့်
အလေးထားမှုကိုတော့ သိစေချင်ပါသေးတယ်…
ထွေးပွေ့မှုတွေ မရှိပေမယ့်လဲ
ရင်းနှီးမှုတွေက အတိုင်းထက်အလွန်ပါပဲ…
နောက်ထပ်တစ်ခေါက် မကြားရပါစေနဲ့တော့ကွယ်
ကောင်မလေးရယ်…
နင်မလာတော့ဘူးဆိုတဲ့ စကားကို
ဒီကကောင်က
ကမ္ဘာပျက်မှာထပ်တောင်
ကြောက်ခဲ့ရတာပါ….
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service




Comment #1
တကယ်ချစ်တာလား
😛