Professional Authors

နင်မရှိတော့တဲ့ နောက်

ဘ၀အကွေ့ ကို
ချိုးလိုက်လို့ 
ငါ့မြင်ကွင်းကနေ
နင့်ပုံရိပ်လေးပျောက်သွားပေမဲ့
ငါ့နှလုံးသားကို ခိုးလို့ 
နင်လျှောက်သွားနေတဲ့ အရပ်ကို
ငါလည်းတစ်နေ့ လိုက်ခဲ့မယ် … ။

ရုတ်တရတ်မို့ 
နင်စိတ်ထဲကနှုတ်ဆက်လိုက်တာ
ငါမကြားပေးမဲ့
ငါ့နားတွေထဲ
ငါ့အသွေးအသားတွေထဲ
ငါယုံကြည်နေတယ်
နင်နှုတ်ဆက်သွားမှာပါ … ။

ရှုတ်ယှက်ခက်သွားတဲ့
ငါ့ဘ၀ထဲ
မျက်ရည်နည်းနည်းတော့ဝဲမိတယ်
ဘယ်သူအတွက်နဲ့ မှငါမငိုဖူးဘူးဘဲ
နင်အတွက်ဆိုရင်တော့ဝဲရုံတင်မက
ငါ့မျက်ဝန်းအိမ်ကွဲ … ကွဲပါစေ … ။

နင်မရှိတော့တဲ့မနက်ဖြန်တိုင်းမှာ
နေကတော့ထွက်နေမှာပဲ
ငါတစ်ယောက်ပဲ
မှောင်မိုက်နေတာ … ။

နင်ကိုင်ခဲ့တဲ့
ပန်းကန်ပြားလေးနဲ့ပန်းကန်လုံးလေးဟာ
အခုတော့
ငါနဲ့မျက်နှာချင်းဆိုင်မှာ
အတုံးအရုံး
မကြည်မသာနဲ့ 
ငါ့ကို  ပြုံး … ပြုံးတောင်မပြနိုင်တော့ဘူး … ။

ပန်းခြံထဲက နှင်းဆီပန်းတွေကလည်း
ရက်စက်လိုက်ကြတာ
သွေးရောင်တွေလွှမ်းလို့ 
ငါ့အလွမ်းတွေကို
စူးရှစေ … ။

ငါပြုံးပြုံးလေးနဲ့ ရခဲ့တဲ့
ညနေခင်း နေ၀င် ဆည်းဆာ
တိမ်လွှာပါးပါးလေးက
နင်ဂါဝန်ကားကားလေးနဲ့ 
ငါ့ကိုထွက်ကြိုနေသလိုပဲ … ။

နင်မရှိတော့တဲ့ ည
ငါဘယ်လိုမှ ရေးဖွဲ့ လို့ မရဘူး
ဘယ်လိုမှလည်းမလှပဘူး
မီးရောင်တွေနဲ့ လှပနေတဲ့ မြို့ ပြကတောင်
ရူးချင်ယောင်ဆောင်ပြီး
လရောင်ကိုမှီခိုနေတယ်
ငါရော … လှပတဲ့ဘ၀လေးကနေ
မီးပျက်တဲ့ညလေးလို
တိတ်ဆိတ်
မှောင်မိုက်
ငြိမ်သက်
အနေခက်တဲ့
အနာဂတ်မှာ
တစ်နေ့ တော့ နင့်နောက်ငါလိုက်ခဲ့မယ် … ။

In: ကဗျာ Posted By: Date: Apr 19, 2013
Comment #1

aww.. did she die?

commentinfo By: cynthia at Apr 20, 2013
Comment #2

sori to hear that..

commentinfo By: cynthia at Apr 20, 2013
Comment #3

So sad!!!

commentinfo By: မေပျို at Apr 20, 2013
Comment #4

two thumbs UP !!

commentinfo By: kozay at Apr 21, 2013
Comment #5

:'(
:'(
:'(

commentinfo By: ei lay at Apr 21, 2013
Comment #6

Khan sar r pay twr thu myar ar a htoo pal kyay zuu tin par ei

She Never Dies Always in my heart ! 🙂

commentinfo By: loafer at Apr 22, 2013
Comment #7

I wont believe next life.
It’s only imagination.

I won’t trust what will happen in future.
It’s only guessing.

I live at the present.
It’s only the real one.

So I always try to worth my daily truth life.
I ever try to give my best everytime I live alive.
I don’t want to regret or feel sad.

commentinfo By: ei lay at Apr 22, 2013
Comment #8

လက်ခံပါတယ် မအိလေး

လက်ရှိဘ၀မှာပဲပျော်အောင်နေတာကောင်းပါတယ်

ဒါကဖန်တီးထားတဲ့ကဗျာလေးတစ်ပုဒ်ပါ

commentinfo By:ူloafer at Apr 22, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment