နင်မရှိတော့ရင်… (မင်းကိုချစ်တဲ့သူ)
နင်မရှိရင်တော့ရင် ငါဟာဘာလဲ
မခုန်တော့တဲ့ ရင်ဘတ်တစ်စုံနဲ့
နေ့တနေ့ ကုန်ဆုံးသွားခဲ့ရင်လဲ
နောက်တနေ့မှာ ဘာများထူးခြားမှာလဲ???
စူးရှတဲ့ မျက်ဝန်းတွေအောက်မှာ
င့ါရင်တစ်ခုလုံး ပြာကျခဲ့ရတယ်
ယုယမှုတွေနဲ့ စကားလုံးတွေထဲမှာ
ငါ့မာနတွေ အရည်ပျော်ခဲ့ပြီပေါ့
ဘာပဲဖြစ်ဖြစ် ငါပျော်ပါတယ်…
သံသယကင်းကင်း
ယုံကြည်ခြင်းတွေနဲ့ ချစ်ပါ
နင့်အတွက် ငါ့ရဲ့အချစ်ဟာ
အသက်ရှင်ဖို့ အသက်ရှူနေရသလိုပေါ့
ငါ့ဘ၀ရဲ့အခန်းကဏ္ဍမှာ အရေးပါတယ်…
နေ့စဉ်လုပ်တဲ့ လုပ်ငန်းဆောင်တာတွေနဲ့
သက်မဲ့တွေကိုတိုင်းတာတဲ့ ပေတံနဲ့
ငါ့အချစ်ကို မတိုင်းတာသင့်ပါဘူး
စက်ရုပ်တိုင်းပြည်မှာ ကျင်လည်နေပေမဲ့
ငါဟာခံစားချက်ရှိတဲ့ လူတယောက်ပါ…
ခန္ဓာကိုမရစ်မူးပဲ အပြုံးတွေကိုပဲချစ်မိခဲ့တာပါ
ပိုင်ဆိုင်ခွင့်မရှိလို ပေးဆပ်ပြီးချစ်ခဲ့မိပါတယ်
ငါဟာလဲ အတ္တနဲ့မကင်းတဲ့လူတစ်ယောက်မို့
တခါတလေတော့လဲ ပိုင်ဆိုင်ခွင့်လေးရချင်မိတယ်
အဲ့ဒါအပြစ်ဆိုရင်တော့ တောင်းပန်ပါတယ်…
လူမသိသူမသိ တွေ့ခဲ့ကြပြီး
လူမသိသူမသိပဲ ချစ်မိခဲ့ကြတယ်
လူမသိသူမသိ ဇာတ်လမ်းထဲမှာ
လူမသိသူမသိပဲ ဗလိန်ဖြစ်ခဲ့ရတယ်
အဲ့ဒီ… လူမသိသူမသိကလဲ ရေစက်ပဲလား…
အကယ်၍…
နင်မရှိတော့ရင် ငါဟာဘာလဲ
မခုန်တော့တဲ့ ရင်ဘတ်တစ်စုံနဲ့
ဟာလာဟင်းလင်း မနက်ခင်းမှာ
ကော်ဖီတစ်ခွက် အတွေးတဖက်နဲ့
နင်ပြန်လာမဲ့နေ့ကို စောင့်ရင်း
အလွမ်းကဗျာတွေ ရေးဖြစ်နေမှာပါ…
Comment #2
🙂
🙂
🙂
always touching to my heart
By: ei lay at Jul 11, 2012
Comment #3
အကယ်၍…
နင်မရှိတော့ရင် ငါဟာဘာလဲ
မခုန်တော့တဲ့ ရင်ဘတ်တစ်စုံနဲ့
ဟာလာဟင်းလင်း မနက်ခင်းမှာ
ကော်ဖီတစ်ခွက် အတွေးတဖက်နဲ့
နင်ပြန်လာမဲ့နေ့ကို စောင့်ရင်း
အလွမ်းကဗျာတွေ ရေးဖြစ်နေမှာပါ…
By: ဖူးမေ at Jul 11, 2012
Comment #4
🙁
🙁
🙁
🙁
🙁
By: ei lay at Jul 13, 2012




Comment #1
အကယ်၍…
နင်မရှိတော့ရင် ငါဟာဘာလဲ
မခုန်တော့တဲ့ ရင်ဘတ်တစ်စုံနဲ့
ဟာလာဟင်းလင်း မနက်ခင်းမှာ
ကော်ဖီတစ်ခွက် အတွေးတဖက်နဲ့
နင်ပြန်လာမဲ့နေ့ကို စောင့်ရင်း
အလွမ်းကဗျာတွေ ရေးဖြစ်နေမှာပါ…
တော်တော်မိုက်တယ် ဟ…..