Professional Authors

နင်မရှိတော့မဲ့

နင့်စိတ်တိုင်းကျ လမ်းခွဲ ပေးဖို့ ကလွယ်ပါတယ်
နင်မရှိတဲ့ ငါ့နေ့တွေကျော်ဖြတ်ဖို့သာခက်တာ

နင့်စိတ်တိုင်းကျ ဝေးကြရဖို့ လွယ်ပါတယ်
နင်မရှိတဲ့ ငါ့အနာဂတ်တွေ အသက်ဆက်ဖို့သာ ခက်တာ

နင့်စိတ်တိုင်းကျ ဖုန်းတစ်ချက်တောင် မဆက်ဖို့က လွယ်ပါတယ်
နင့်အသံ ကြားနေကြ မကြားရတဲ့ ငါ့ညတွေ နေ့တွေ အတွက်သာ ခက်တာ

နင့် စိတ်တိုင်းကျ လွတ်လပ်ခွင့်ပေးဖို့က လွယ်ပါတယ်
နင့်ကို ပူနေမဲ့ ငါ့စိတ်ကသာခက်တာ…

နင့် စိတ်တိုင်းကျ နင်နဲ့ မပတ်သတ်ဖို့ ကလွယ်ပါတယ်
အတိတ်တွေထဲ တ၀ဲဝဲ လည်နေတဲ့ ငါ့ စိတ်ကခက်တာ …

ငါမငိုပါဘူး
မျက်ရည်ကိုက အလိုလို ပြိုတာ

ငါမခံစားပါဘူး
ဒီရင်ဘတ်က တဆစ်ဆစ်နာနေတာ

နင့်ဆီကထွက်ကျလာမဲ့ စကားတစ်ခွန်းအတွက်
ငါ့အနာဂတ်ကို
ရှင်မှာ နဲ့ သေမှာက လွန်ဆွဲနေတယ် >.<

(သံယောဇဉ်)

In: ကဗျာ Posted By: Date: Jul 31, 2012
Comment #1

ခံစားအားပေးပါတယ်ဗျာတကယ်မိုက်တယ်ေ၇းထားတာလေးက
Share ခွင့်ပြုပါနော်

commentinfo By: loafer at Jul 31, 2012
Comment #2

thz so much
thz so much
thz so much
100% same with my feeling,

commentinfo By: ei lay at Jul 31, 2012
Comment #3

စာလုံးတိုင်းက ဖြစ်ပျက်နေသမျှနဲ့ ကွက်တိပါပဲ၊၊ အားပေးသွားတယ်နော် 🙂

commentinfo By: နေသွေး at Aug 1, 2012
Comment #4

နင့်စိတ်တိုင်းကျ ဖုန်းတစ်ချက်တောင် မဆက်ဖို့က လွယ်ပါတယ်
နင့်အသံ ကြားနေကြ မကြားရတဲ့ ငါ့ညတွေ နေ့တွေ အတွက်သာ ခက်တာ
တကယ်ခံစားလို့ရတယ်
အားပေးပါတယ်နော်

commentinfo By: မေပျို at Aug 2, 2012
Comment #5

သူတို့ပြောတာဟုတ်တယ်

commentinfo By: ကြက်ခြေခတ် X at Aug 28, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment