Professional Authors

ချစ်သူမရှိတော့တဲ့ ချစ်သူသက်တမ်း တစ်နှစ်ပြည့်

ချစ်ရင်အဲလိုမလုပ်ရဘူးတဲ့
ချစ်သူနင်ပြောခဲ့ဘူးတယ်
ချစ်သူသက်တမ်းလေးတစ်ခုမှာ
လမ်းခွဲစကား ၃ ကြိမ်လောက်ဆိုဘူးတဲ့ငါ့ကို
ခွင့်လွှတ်ခြင်းတွေနဲ့လဲ နင်ချစ်ပေးနိုင်ခဲ့တယ်
အလုပ်တွေများ စာတွေများပြီး တစ်နေ့၂ ခါတောင်
ဖုန်းမခေါ်နိုင်တဲ့ငါ့ကို
နားလည်မှုတွေနဲ့အမြဲကြည်ဖြူပေးခဲ့တယ်
တွေ့ခွင့်တောင်းဆိုတိုင်း မနီးတဲ့ရေမြေတွေမှာ 
ရောက်နေခဲ့တဲ့ငါ့ရဲ့ ပျက်ကွက်မှုတွေကို
သည်းခံမှုတွေနဲ့တည်မြဲစေခဲ့တယ်
ငါ့အတ္တကို “ သ ” နေခဲ့တာမဟုတ်ပေမယ့်
နင်ငါ့ကိုမုန်းမေ့သွားမယ့်ရက်ကိုမရောက်ချင်ခဲ့
ချစ်ခြင်းတွေကိုအယုံအကြည်မရှိခဲ့တဲ့ငါ့ရဲ့ချစ်သူနင်
ဘယ်လောက်တောင်နာကျင်နေခဲ့ရတယ်ဆိုတာ 
ငါမသိခဲ့ဘူး
ဝဋ်လည်မယ်တဲ့ နင်ခဏခဏပြောဘူးတဲ့စကားနော်
ငါသေချာနားမလည်ခဲ့တဲ့စာလုံးပေါင်း ခုတော့ ငါ့ရင်ဘတ်နဲ့
ပေါင်းဖတ်နေမိတယ်
နှလုံးခုန်သံနာကျင်မိတိုင်းငါ့ရင်ဘတ်ကိုငါဘာသာပြန်မိတယ်
ငါနင့်ကိုချစ်တယ် ……..
In: ကဗျာ Posted By: Date: Sep 3, 2011
Comment #1

စာကိုဖက်ပြီး ခံစားရပါတယ်…ဒါပေမယ့် စာသားထဲက ကောင်မလေးကို သနားလားဆိုရင်တော့ Sorry ပဲ
ကိုယ့်အပြစ်နဲ့ ကိုယ်ဆိုတော့ ခံပါ ခါးစီးပြီးသာ ခံလိုက် ……တန်ဖိုးဆိုတာ ထားတက်တဲ့သူတွေအတွက်ပါ

commentinfo By: nate thit(နေ့သစ်) at Sep 3, 2011
Comment #2

အင်းဘယ်လိုပြောရမလဲ တကယ်ချစ်လာရင်တော့ ပေါင်းစည်းစေချင်တယ်

နောက်မှညှိယူပေါ့

commentinfo By: ရနံ့ at Sep 8, 2011
Comment #3

အစ်မပြောချင်တာက အစ်မရေးဖူုးတဲ့ကဗျာလေးထဲကလိုပဲ
သက်ရောက်မှုတိုင်းမှာတန်ပြန်သက်ရောက်မှုရှိတယ်လေ….
ဒါပြန်ချစ်တာတော့မဖြစ်နိုင်ဘူး……..လူဆိုတာအတ္တကြီးတယ်လေ….ကိုယ့်ကိုယ်ဂရုစိုက်နေတိုင်း
ရုတ်တရက်ဂရူစိုက်မခံရတော့တဲ့ပေါ်မှာခံစားချက်ပြင်းထန်တတ်ပါတယ်…
လူတိုင်းကိုတန်ဖိုးထားတတ်ပါစေ……..

commentinfo By: May Kha at Sep 8, 2011
Comment #4

အတ္တက တစ်ကယ်ကိုပူလောင်စေတာပဲ
အချစ်ဆိုတာကိုသေချာနားမလည်ပေမယ့်
ဒီလိုရေးထားတာကိုဖတ်ရတော့
အဲလိုအစမလုပ်ချင်သလို အဲလိုအဆုံးမသတ်ချင်ပါဘူး

commentinfo By: နှင်းဝေ at Sep 8, 2011
Comment #5

အချစ်ကို တန်ဖိုးထားသင့်ခဲ့တာတယ်

commentinfo By: lwin at Sep 8, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment