Professional Authors

နာရေးသတင်းတစ်ပုဒ်

ဟော ဟိုးမှာ….

အော်နေလိုက်ကြတာပဲ တစ်ညီတစ်ညွတ်

ဘာတဲ့ ဒီမိုကရေစီရရှိရေး ဒို့အရေး တဲ့

ငါကိုတိုင်တိုင်လဲ ကဗျာတစ်ပုဒ်ကို ဟန်ပါပါဖတ်

ဆေးပေါ့လိပ်တိုကို ခဲနေခဲ့သေးတာပဲ

နပိုလီယံ ရဲ့အဆိုအရ

မဖြစ်နိုင်ဘူးဆိုတာ မရှိ တဲ့

ခင်ဗျားကြီး သူ့အာဘော်ကို သဘောကျပြီး

စိတ်ကူးယဉ်နေပြီ ဟုတ်စ

လုပ်ကြည့်ပါ လွယ်မယ်ထင်ရင်ပေါ့

ကလောင်ကိုင်တဲ့ လက်ကို တာဝန်ယူနိုင်လို့လား

ခင်ဗျားရွေးလိုက်တဲ့ သီအိုရီတွေကကော

မှန်လား အဟုတ်ကိုမှန်တာလား

အနုပညာကို ဘောင်ခတ်

ဆေးစက်ကျရာ အရုပ်ထင်မယ်လို့

တလွဲမာနတွေနဲ့ စမ်းတ၀ါးဝါး လျောက်လှမ်းလို့

ချက်လက်မှတ်တွေ လက်မှာ ကိုင်ပြီး

လက်ခုပ်သံ နောက်လိုက်နေတဲ့ အရူးတွေ

ခင်ဗျားတို့ မပင်ပန်းလွန်းဘူးလား

သီအိုရီ တွေ ဘယ်လောက်ပြောင်းပြောင်း

မိုးနေးရဲ့ အသုဘမှာတော့ ခွေးတစ်ကောင်တောင် မစည်ကားခဲ့

ရင်နာစရာမကောင်းလွန်းဘူးလား

အဲ့ဒီ့ အသီးပေါ့

သူတို့ပြောတာ အဆိပ်သီးတဲ့

ငါကိုယ်တိုင် ဖျော်ပြီး သောက်သုံးလိုက်မိပြီ

နောက်နေ့ အနုပညာ သတင်းစာ နောက်ဆုံးမှာ

ငါ့နာမည် ကိုတွေ့ လိုက်သလိုပဲ……။ ။

(နွေလင်းဆက်)

In: ကဗျာ Posted By: Date: Apr 18, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment