Professional Authors

မျက်လှည့်

ဖောက်ခနဲပုလင်းအဖုံးကိုဖွင့်

စူးခနဲတက်လာတဲ့ ပြင်းရှရှ အနံ့

ခါးသက်တဲ့ အငွေ့ဓာတ်တွေကို အန်မချမိအောင်

မနည်းထိန်းထားရသလို

အော်…မိုက်မဲတဲ့လူတွေများ

ပီကာဆိုပန်းချီကားတစ်ချပ်ဆွဲနေသည့်အလား

တစ်ရှိုက်မက်မက် မှီဝဲလို့

BC 300လောက်က ယဉ်ကျေးမှုမပပျောက်အောင်လား

ကင်မရာရှေ့မှာ ခပ်ရဲရဲ သရုပ်ဆောင်ဖို့အတွက် ကာဗာလုပ်တာလား

သီချင်းတစ်ပုဒ်ဖန်တီးဖို့အတွက် အရှိန်တင်လိုက်တာလား

ရေးလက်စ ဇာတ်လမ်း တစ်ပုဒ်အမြန်ပြီးဖို့ စတင်လိုက်တာလား

သီအိုရီ အဟောင်းကြီး အတိုင်း ကဗျာကို အသက်သွင်းတာလား

အနုပညာကို ခင်ဗျားခုတုံးလုပ်တာလား

မိန်းမနဲ့ အဆင်မပြေလို့လား….

ဘာလား….ညာလား ….

Black Lable လား၊ဟိုက်ကော်မရှင်နာလား၊အာမီရမ်လား၊

အပေါင်းအသင်းတွေနဲ့ ဝေတဲ့ကောင်းသတင်းတွေနဲ့ ဇေ လား

အရက်ဖြူလား၊ဆိုဂျူလား၊ဒရိုင်းဂျင်လား

တစ်စိတ်လား၊တစ်ပိုင်းလား၊တစ်တောင့်လား

ခင်ဗျားမယား နောက်ဖေးမှာ ရှိုက်သံသဲ့သဲ့ကို ကြားရလား

ခင်ဗျားသားသမီးမျက်နှာ အက်တမ်မှုန်များ

သူတို့ရဲ့ အနာဂတ်တွေ မြူမှုန်တွေအလား

ခင်ဗျား ဒါတွေကို မသိတာလား

မသိချင်ယောင်ဆောင်နေတာလား

ကျေးဇူးပြုပြီး တစ်ခွက်လောက် ငှဲ့ပေးပါ

အဲ့ဒီ့ခဏလေးပဲ ကျွန်တော့်ကိုယ်စောင့်နတ်က

မျက်လုံးတစ်ဖက်မှိတ်ပြလိုက်တယ်

လူကြီးမင်းတို့ကော လူကြီးမင်းတို့အသိုင်းအ၀ိုင်းမှာု မျက်လုံးတစ်ဖက်

မှိတ်မှိတ် ပြတတ်တဲ့သူတွေနဲ့ကြုံဘူးလား

နောက်တစ်ခွက်ပေးပါဦး……။      ။

(နွေလင်းဆက်)

In: ကဗျာ Posted By: Date: Apr 18, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment