Professional Authors

မိရိုးဖလာ

သာသနာ သက္ကရာဇ်……

အနော်ရထာမင်း ဦးခိုက်ခဲ့တဲ့ ဗုဒ္ဓဘာသာ

ထေရ၀ါဒ ဗုဒ္ဓဘာသာ

မဟာယာန ဗုဒ္ဓဘာသာ

နိုင်ငံတိုင်းက လေးစားနေတဲ့ ဗုဒ္ဓဘာသာ

အခု ခင်ဗျားတို့ ကျွန်တော် တို့ ကိုးကွယ်နေတာ

ဒီဘာသာ အကြောင်း သူ့မေးလဲ မသိဘူး

ငါ့မေးလဲ မသိဘူး

အဘ တို့ကို မေးလဲ မရေရာ

ငါတို့ ဘာသာက အမြတ်ဆုံးကွလို့

ကြွေးကြော်နေ ဦးမှာလား

ဒါပေမဲ့ ခင်ဗျားလဲ ဗုဒ္ဓဘာသာ

ကျွန်တော်လဲ ဗုဒ္ဓဘာသာ

ကျွန်တော့်  ချစ်သူကလဲ ဗုဒ္ဓဘာသာ

ခင်ဗျား အမျိုးသမီးလဲ ဗုဒ္ဓဘာသာ

ပြီးတော့ ဘာလဲ?

အာ ပါးစပ် ဖျားတင်

သာသနာ သက္ကရာဇ်……။ ။

 

(နွေလင်းဆက်)

In: ကဗျာ Posted By: Date: Apr 18, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment