Professional Authors

အမေပြောတဲ့ ကျူပ်တို့ဖခင် ကလောင်ရှင်

သမိုင်းထဲမှာ… လက်တွေ့ဘဝမှာ…
ခင်ဗျားဟာ..အညားသား အလယ်ပိုင်းသား
နတ်မောက်သား ခင်ဗျားကို အမေကပြောတယ်
ဒါပေမဲ့ ကျူပ်တို့ မခွဲခြားသော အသိတွေနဲ့ သိခဲ့တာ
ခင်ဗျားက ကဗျာဆရာပဲ.. ခင်ဗျားကို ကျူပ်တို့နယ်တစ်ခုလုံးသိတယ်
ခင်ဗျားကို နယ်သားတွေအားလုံး ချစ်ခင်လေးစာ ချစ်ကြောက်နေခဲ့တယ်
ခင်ဗျားဟာ ကျူပ်တို့နယ်ရဲ့ ဖခင်လည်းဖြစ် မြေကြီးလည်းဖြစ်
သောက်ရေအိုးစင်လည်းဖြစ် ခေါင်းဆောင်ကြီးလည်းဖြစ်ခဲ့တယ်

သို့သော် ………..
ကဗျာမရေးတက်ဘူး ကလောင်သွားထက်တယ်
ရှေ့နေသား ခင်ဗျာကို အများက ဦးစားပေးတယ်
နေရှင်နယ်ကျောင်းတက်တုန်း ခင်ဗျားကို သူတို့လေးစားတယ်
ခင်ဗျားရဲ့ခြေသံတွေ ဒီနေ့ထိ နေရှင်နယ်ကျောင်းမှာ ကြားနေရတုန်းပဲ
ခင်ဗျားလျှောက်လှမ်းခဲ့တဲ့ ခြေရာတွေဟာ
ရန်ကုန်တက္ကသိုလ်ကြီးမှာ သမိုင်းတင် မော်ကွန်းဝင်ခဲ့တယ်
ခင်ဗျားနေခဲ့တဲ့ တက္ကသိုလ် အဆောင်ရဲ့ အခန်းတွင်းမှာ
မာန်ပါပါ မိန့်ခွန်းတွေပဲ့တင်နေတုန်းပဲ
ဒါပေမဲ့ ခင်ဗျား ဂျပန်စစ်ပညာသင်သွားခဲ့တယ်
ခင်ဗျားရဲ့ စစ်ပရိယာယ်တွေက သမိုင်းဝင် မော်ကွန်းတင်လို့
အင်္ဂလိပ် ဂျပန်ပြေးတဲ့အထိ အစွမ်းထက်ခဲ့တယ်
ခင်ဗျား စစ်မပြီးခင် ချစ်ဇနီးကို ပြောခဲ့တဲ့စကားတွေ
“ခင် ပဲပြုတ်နဲ့နံပြားရ ရင် စားချင်တယ်” လေးနက်လွန်လို့
အခုထိ အလေးပြုနေတုန်း ကောင်းကင်ကြီးက တစ်ညလုံးရွာချတဲ့
လမင်းကြီးတောင် လေးစားသွားတယ် ခင်ဗျားရဲ့  ကရုဏာတွေပေါ့..

သို့သော် ……..
ခင်ဗျား ကဗျာမရေးတက်ဘူး ကလောင်သွားထက်နေတုန်း
ကလောင်ထက်က ခင်ဗျားရဲ့အမွေတွေ ဆက်ခံသူလည်း
စာသားတွေ ကဗျာတွေ သေသပ်လှပ ကမ္ဘာမှာ နိုဘယ်ဆုရှင်ဖြစ်ခဲ့ပြီ…
ကျူပ်တို့ဘိုးဘွားအစဉ်ဆက်နဲ့ အမေတွေပြောခဲ့တယ်
ကျူပ်တို့လည်း ကိုယ်တိုင်နားလည်ခံစား သိရှိခဲ့တယ်
ခင်ဗျားဟာ ကျူပ်တို့ရဲ့ ကျေးဇူးရှင် နှလုံးသား ကလောင်ရှင် ဖခင်ကြီးပေါ့..။

တက္ကသိုလ်မြတ်မင်း

In: ကဗျာ Posted By: Date: Oct 24, 2011
Comment #1

ခင်ဗျားဟာ ကျူပ်တို့ရဲ့ ကျေးဇူးရှင် နှလုံးသား ကလောင်ရှင် ဖခင်ကြီးပေါ့..။
ဟုတ်ပဗျာ..သူဟာ စာအရေးအသား လည်း အလွန် ကောင်းတဲ့ သူပါ

Comment #2

ကို လုလင်ရေ………ကျေးဇူးအထူးတင်ပါတယ် ခင်ဗျာ

Comment #3

လေးစားပါ၏

commentinfo By: ကြယ်စစ်သည် at Jan 2, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment