Professional Authors

နိဗ္ဗာန်

အရောင် မျှော်လင့်ချက် အိပ်မက် လက်ဆုပ်လက်ကိုင်
အရူး ပူပင်မှု အညစ်အကြေး ကံတရား လွမ်းမောဖွယ်ရာများ
တိမ်စိုင်တိမ်ခဲ လျှပ်ပေါ်လော်လီခြင်း ဝေးကွာ
ချန်ရစ်ခဲ့သော ပြန်ဆုံဖို့ ခဏတာမေ့လွယ်ပျောက်လွယ်
မူးယစ်ဆေးဝါး ငွေကြေးချို့တဲ့ ဗီဒီယိုဇာတ်လမ်း
ဒေါသ စစ်ပွဲ အနိုင်ကျင့်စော်ကားမှု ကလဲ့စားချေခြင်း
ကံကြမ္မာ အတိတ် စိုးရိမ်သောက အရူးအမူးချစ်ခြင်း
အောင်ပွဲ တက်တူး အကြံအစည် အထိကရုဏ်း
ပြည့်တန်ဆာ ကဗျာ ကွန်မြူနစ် ခေတ်အဆက်ဆက်စနစ်ဆိုးများ
အတိတ်မေ့ရောဂါ ဝက်ရူးပြန်ခြင်း အားကစား သက်ဆိုးရှည်ခြင်း
ဘာသာစကားများ ခါးသေးရင်ချီ အာရုံခံစားမှု
ရိုးမြေကျပေါင်းဖက်မှု ယုံကြည်မှုလွန်ကဲခြင်း မြှောက်ထိုးပင့်ကော်
ကဲ့ရဲ့ချုံ့ချ ဆန္ဒပြပွဲ လွှမ်းမိုးမှုများ ဂုဏ်ပြုမှတ်တမ်းလွှာ
အကြမ်းဖက်တရား အာဏာတည်မြဲရေး ထိခိုက်ဒဏ်ရာများ
အလူးအလဲခံစားရမှု နေ့မြင်ညပျောက် မဆုံးနိုင်သော ဘဝ
ကာမ လိမ်လည်မှု ရယ်ရွှင်ဖွယ်ရာ နယ်ချဲ့ လုပ်ကြံခြင်း
ခရီးသွားဝန်ဆောင်မှုလုပ်ငန်း ယဉ်တိမ်းမှောက်မှု အန္တရာယ်ကြုံရခြင်း
ဆေးရုံ လူနာ နှလုံးသားရေးရာများ facebook လက်သည်းခွံပါးပါး
သင်္ကြန် အပျော် အပျက် ဗီဒီယိုကင်မရာ အဝတ်လျှော်စက်
ရေခဲရေ အစုံသုပ် တကွဲတပြားမိသားစုများ မှော်ဆန်ခြင်း ရုပ်လုံးကြွလာ
ကင်ဆာ ဟောခန်း ဓါတ်ရောင်ခြည်သင့်သော ငိုကြွေးမြည်တမ်း
ချပ်ဝတ်တန်ဆာ အစွန်းနှစ်ဖက် ကိလေသာ မိုက်ရူးရဲဆန်ခြင်း
နေရပ်လိပ်စာအပြည့်အစုံ အင်တာဗျူး ယဉ်ကျေးမှု အယူအဆ
သဘောတရား ကခုန်တီးမှုတ် အကြောင်းပြချက်
ရီဝေဝေ မှောင်အတိ မမြင်မစမ်း အရာခပ်သိမ်း နတ္တိ

ဇာတိ(ဖျာပုံ)
4/6/2013
10:02PM
www.palipalar.blogspot.com

In: ကဗျာ Posted By: Date: Apr 13, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment