Professional Authors
ခွဲခွါခြင်းသည်..ပြန်လည်နီးစပ်ရန်အတွက် နိဒါန်း ဖြစ်သည်.
ခွဲ ခွာ ခြင်း ဆိုတဲ့  အသိတရား ၀င်ရောက်လာတဲ့ အခါ
တိတ်ဆိတ် ခြင်း ..ငြိမ် သက်ခြင်း နဲ့ အတူ
နင် / ငါ  ..ကွယ် ရာမှာ ကျမယ့် မျက်ရည်တွေ
စတိ သဘော အဖြစ် ရုန်း ထွက် လာ….
နင် မျက်နှာ ငြိုးနွမ်း ငယ်စွာ
မျှော် လင့်ခြင်း ကောက်ရိုးတစ်မျှင် ကို လိုက်လို့ ရှာ နေတယ်
နင့်မျက်နှာကို ကြည့် ရှု နေရန် မှ တစ်ပါး
ထို အချိန် အခိုက်အတန့် လေးက…
တိတ်ဆိတ်စွာ..ငြိမ်သက်စွာ..ကြင်နာစွာ
နင်ကို ငါငေးမောရင်း…ငါကို နင်ငေးမောရင်း..
နင်ကျောခိုင်းရာဘက် ..ငါ အားငယ်စွာ မျက်နှာမူမိ
ခွဲခွာခြင်း…ဆိုတဲ့ အသိတရားနောက်မြှ
သေဆုံးခြင်း…မဟုတ် ဆိုသော
လေပြေ လေညှင်းလေး ၀င်ရောက်လာခဲ့တယ်..
ထိုအချိန် အခိုက်အတန့် လေး
နှလုံးသားထဲ သွေးကြောတွေထဲ
နွေးထွေးသော စိးဆင်းမှု တစ်ခု စီးဆင်းသွားရင်း
နှုတ်ဆက်တေးသွား ဆိုညည်းခြင်းကို ခေါင်းခါလိုက်မိ
နင်လည်း နှုတ်ဆက်ခြင်း သင်္ကေတ လက်ပြခြင်း ကို မသိကျိုးကျွန် ပြု ခဲ့ ရင်း..
မှတ်ချက်..။တို့နှစ်ယောက် ခွဲခွာကြတော့ ( ဘိုင်ရွန် ) ၏ ကဗျာကို ဖတ်ပြီးခံစားရေးသားသည်
In: ကဗျာ Posted By: Date: Aug 5, 2011
Comment #1
mike de.
so cool.
commentinfo By: eilay at Aug 5, 2011
Comment #2
ခွဲခွာခြင်း… ဆိုတဲ့ အသိတရားနောက်မှာ
သေဆုံးခြင်း…မဟုတ် ဆိုသော
လေပြေ လေညှင်လေး ဝင်ရောက်လာခဲ့တယ်.. စာသားလေး ကောင်းပါတယ် အားပေးသွားတယ်ဗျာ ။
commentinfo By: X - ray at Aug 6, 2011
Comment #3
ခပ် ထိ ထိ ပဲ
Leave Comments
Name*
Email*
Website
Email me whenever there is new comment