Professional Authors

တနဂ๎ နွေ

အဝတ်လျှော် မီးပူတိုက်

ဖုန်းကိုင် ရတဲ့

ဒီ တနဂ๎ နွေ ကို

ငါ မကြိုက်

မနက်မနက်

လာလာအော်တဲ့

ပဲပြုတ်သည်ကို

ငါ မကြိုက်

ဟိုအရေး ဒီအရေး

အပြင်ပေးမထွက်တဲ့

ငါ့အဖေကို

ငါ မကြိုက်

အစုံအလင်

ဈေးခြင်းတောင်းကြီး

ငါမကြိုက်

ဘာပဲပြောပြော

အကောင်းမမြင်တဲ့

ငါ့ချစ်သူကို

ငါ မကြိုက်

ဟိုမကြိုက်

ဒီမကြိုက်

လူရယ်ကြတဲ့

အပျိုကြီးဘဝ

ငါမကြိုက်

🙂 🙂 🙂

Comment #1

ဟိုက်.. ကဗျာကြီးကလန်ထွက်နေတယ်.. ဟီးဟီး.. မိုက်တယ်အမ.. 😀

commentinfo By: Kitty Yang at Jun 13, 2009
Comment #2

အော် … လက်စသတ်တော့ ဘာပဲပြောပြော ချစ်သူက အကောင်းမမြင်လို့ အပျိုကြီးဘ၀ ရောက်နေရတာကိုး ဆွေဇင်ရဲ့ …
အခုမှပဲ သိတော့တယ် … 😀

commentinfo By: harry at Jun 13, 2009
Comment #3

မှန်တာပြော လို့ စိတ်ဆိုးတော့ဘူး။

🙂 🙂 🙂

commentinfo By: Khine Swe Zin Thin at Jun 14, 2009

Leave Comments

Name*

Email*
Website
Email me whenever there is new comment