Professional Authors

နှစ်နားညီရဲ့ အစွန်းတစ်ဖက်

နှစ်နားညီရဲ့ အစွန်းတစ်ဖက်

၁။ ခတ္တာ နင် စဉ်းစားပါ…

… နွယ်နေတဲ့ သံယောဇဉ်ကြိုးရဲ့
…. နှောင်ဖွဲ့ တည်ရှိခြင်းဆိုတာ
…. နှလုံးသား စေစားချက်သက်သက်လို့ နင်ထင်မြင်နေခဲ့သလား …

မြတ်နိုးခြင်း အတွက် ချုပ်တည်းထားခဲ့ဖူးတဲ့ တဒင်္ဂ ဆိုတာ
ဒီဘ၀တစ်သက်တာမှာ နောင်တဆိုတာ ဖြစ်တည်ခဲ့ရိုးမှန်ရင်
အဲ့ဒီအချိန်တွေအတွက် ငါ့မှာ အပြစ်ရှိပါတယ် …

… ဒါပေမယ့်လည်းလေ
…. သုံးနားညီခြင်းသီအိုရီက နှလုံးသားရေးရာမှာ ညီမျှခြင်းချခဲ့လို့လား
…. နှစ်နားညီနေမှတော့ အစွန်းထွက်က ငါပါ
…. လာပါလို့ မဆိုကြပါနဲ့ …

၂။ ခတ္တာ ရေ …

အချိန်ကာလဆိုတာ လွမ်းတတ်သူတွေက ပိုတွက်ချက်ကြရပါတယ်
တစ်စစီ စုတ်ဖြဲနေတဲ့ လက်အစုံမှာ ရင်ခွင်ကို ပုံအပ်ရသလို
နာကျင်ကြေကွဲရပါတယ် ..

 … ပိုပြီးတော့ ၀မ်းနည်းရပါတယ် နင် ငါ့အနားမှာ မရှိခြင်းအတွက်
…. ခက်ခဲခြင်းဆိုတာတွေ နေ့တိုင်းတွေ့နေရတယ်
…. တစ်ရက်ပြီး တစ်ရက်တော့ ကုန်သွားခဲ့ကြတာပဲ
…. ဒီ နှလုံးသားကို တိုက်စားပြီးတော့ပေါ့

ဒီလိုပါပဲလေ ချစ်ခြင်းဆိုတာကို နှလုံးသားနဲ့ ခံစားမိသူအတွက်
ဒဏ်ရာနက်နက်တစ်ချက်ဆိုတာ အပေါ့ပါဆုံး ပြစ်ဒဏ်တစ်ခုလိုပါပဲ …
ချစ်၍ ခံစားရပါတယ် …

၃။ မေ့ပစ်ဖို့မလိုတဲ့ အရာ ပါ … ခတ္တာ ……
…..မျှော်လင့်ခြင်းဆိုတာမစိုက်ပဲရှင်သန်နေတဲ့
…….နှစ်ရှည်ပင်တစ်မျိုးပါ
……… ရေလောင်း ပေါင်းသင်ဖို့သတိမရလည်း …….
…. လွမ်းစွတ်ခြင်းနဲ့ ဆက်လက်ရှင်သန်နေအုံးမှာပါ ….

In: ကဗျာ Posted By: Date: Feb 28, 2012
Comment #1

har,,,lone wa heart hti twar p,,
hote de naw,,
hna lone tar ne chit de thu a chin chin be lout khan sar ya de so tar ko ti par de,

commentinfo By: ei lay at Feb 28, 2012
Comment #2

… ပိုပြီးတော့ ၀မ်းနည်းရပါတယ် နင် ငါ့အနားမှာ မရှိခြင်းအတွက်
…. ခက်ခဲခြင်းဆိုတာတွေ နေ့တိုင်းတွေ့နေရတယ်
…. တစ်ရက်ပြီး တစ်ရက်တော့ ကုန်သွားခဲ့ကြတာပဲ
…. ဒီ နှလုံးသားကို တိုက်စားပြီးတော့ပေါ့
……….
ခံစားအားပေးသွားပါတယ်

commentinfo By: အသဲကွဲမိုး at Feb 28, 2012
Comment #3

အချိန်ကာလဆိုတာ လွမ်းတတ်သူတွေက ပိုတွက်ချက်ကြရပါတယ်
တစ်စစီ စုတ်ဖြဲနေတဲ့ လက်အစုံမှာ ရင်ခွင်ကို ပုံအပ်ရသလို
နာကျင်ကြေကွဲရပါတယ် ..

… ပိုပြီးတော့ ၀မ်းနည်းရပါတယ် နင် ငါ့အနားမှာ မရှိခြင်းအတွက်
…. ခက်ခဲခြင်းဆိုတာတွေ နေ့တိုင်းတွေ့နေရတယ်
…. တစ်ရက်ပြီး တစ်ရက်တော့ ကုန်သွားခဲ့ကြတာပဲ
…. ဒီ နှလုံးသားကို တိုက်စားပြီးတော့ပေါ့

commentinfo By: zawthetoo at Feb 29, 2012
Comment #4

မျှော်လင့်ခြင်းဆိုတာမစိုက်ပဲရှင်သန်နေတဲ့
…….နှစ်ရှည်ပင်တစ်မျိုးပါ
……… ရေလောင်း ပေါင်းသင်ဖို့သတိမရလည်း …….
…. လွမ်းစွတ်ခြင်းနဲ့ ဆက်လက်ရှင်သန်နေအုံးမှာပါ ….

ခံစားအားပေးသွားပါတယ်။ ကဗျာလေးကောင်းတယ် ကြိုက်၏။

commentinfo By: moezat at Feb 29, 2012
Comment #5

ဒီလိုပါပဲလေ ချစ်ခြင်းဆိုတာကို နှလုံးသားနဲ့ ခံစားမိသူအတွက်
ဒဏ်ရာနက်နက်တစ်ချက်ဆိုတာ အပေါ့ပါဆုံး ပြစ်ဒဏ်တစ်ခုလိုပါပဲ …
ချစ်၍ ခံစားရပါတယ် …

commentinfo By: kantkawmg at Mar 1, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment