Professional Authors

နဂါးချော့တေး (တာရာမင်းဝေ)

ကလူ ….. ကလူ လို့
ငါ့ကိုဘယ်သူချော့ရဲသလဲ
တကယ်တော့ ချော့တယ်ဆိုတာ
ပျော့ပြောင်းစေလိုရုံတင် မကပါဘူး
ဖြေသိမ့်ပေးတဲ့ သဘောလဲပါတယ်
“ခရူး…ခရူး” တဲ့
မရဏမင်းက
နှာမှုတ်သံနဲ့ ငါ့ကိုချော့ပြီ
ခြောက်ခြားထိတ်လန့်စွာ….ငါ….ကျေးဇူးတင်ပါတယ်
သူ့ကိုမှ ခွင့်လွှတ်နားလည် နိုင်သေးရင်
ကျန်တဲ့သူတွေကို ဘာမှပြောစရာမရှိဘူး မဟုတ်လား…
နဂါးချော့ တေးသွားက
နည်းနည်းတော့ခါးတာပေါ့လေ…။

တာရာမင်းဝေ

http://taryarminwaimemorial.blogspot.com/ မှကူးယူဖေါ်ပြပါသည်

In: ကဗျာ,တာရာမင်းဝေ Posted By: Date: May 18, 2010
Comment #1

ကဗျာလေး ကြိုက်မိပါတယ်…

commentinfo By: မှုံရွှေရည် at Aug 1, 2010
Comment #2

နဂါးချော့ တေးသွားက
နည်းနည်းတော့ခါးတာပေါ့လေ…။

commentinfo By: chocolate at Jun 6, 2011
Comment #3

အနှစ်သက်ဆုံးစာရေးဆရာ၁ယောက်ဖြစ်ပါသည်..

commentinfo By: မွန်သိ at Jul 18, 2011
Comment #4

မရဏမင်းက
နှာမှုတ်သံနဲ့ ငါ့ကိုချော့ပြီ
ခြောက်ခြားထိတ်လန့်စွာ….ငါ….ကျေးဇူးတင်ပါတယ်

commentinfo By: ညနေယံ at Jul 29, 2011
Comment #5

ကဗျာလေး မှာခံစားချက်နှစ်ခုရှိနေတယ်နော်….

commentinfo By: khine su win at Feb 20, 2012
Comment #6

IMM!!!!

commentinfo By: Zar Ni Soe Paing at Apr 21, 2012
Comment #7

အင်မတန် ချစ်စရာကောင်းတဲ့ကဗျာလေး

commentinfo By: အသဲကွဲမိုး at Jun 23, 2012
Comment #8

နဂါးချော့ တေးသွားက
နည်းနည်းတော့ခါးတာပေါ့လေ…။

လေးစားလျက်ပါ ထာဝရ ဆရာသခင်..

နိုးဆက် နေ့

commentinfo By: 13th at Dec 8, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment