Professional Authors

ချစ်သူချော့တေး

တကယ်တော့ ကောင်းကင်ဟာ အပြာဆိုပဲ

ချစ်သူရယ် .. နင်ငိုနေမှတော့ ငါ့ကောင်းကင်က ပြာနိုင်ပါဦးမလားဟာ..

အရာရာ ပြိုကျ .. ကြေမွနေတဲ့ အိပ်မက်ဆိုးတစ်ခုကို ဆုပ်ကိုင်လို့

ငါမနက်ဖြန် မိုးလင်းပါရစေ………………….

ချစ်သူရယ်နင်မပူပါနဲ့ နင့်အတွက် ငါမနက်ဖြန် နိုးထလာမယ်လို့ ယုံပါတယ်

ကြုံလာတဲ့လောကဓံကို ငါတို့အတူတူရင်ဆိုင်ခဲ့သလိုပေါ့ ..

ခဏတော့ ငိုပေါ့ဟာ . ငါလည်းနင်မမြင်ရင်တောင် ချော့နေဦးမှာပါ ..ကဗျာ

အရာရာ နင့်အတွက် ငါ့အရာရာ နင့်အတွက် ငါ့အသက်နဲ့ ထပ်တူချစ်ခဲ့ပါတယ်

တခါတလေတော့လည်း နှုတ်မဆက်တဲ့ ထွက်သက်တွေက လက်ပြခြင်းမရှိတဲ့ ဝေးကွာခြင်းနဲ့အတူတူ …………..

ငါဆုတောင်းပါတယ်ဟာ…….ကဗျာ

နင်ပါးပေါ်က အရည်ပျော်မြစ်အတွက် ငါတစ်မနက်လေးပဲပြန်နိုးထပါရစေ ..

ငါနင့်ကို နှစ်သိမ့်ချင်သေးလို့ပါ ..

တကယ်တော့ တကယ်တမ်း ပြီးဆုံးပြီဆိုရင် .. ကဗျာရေ

အရာရာဟာ……

ငါဆိုတာ …………

အခုတော့ တစ်ကမ္ဘာခြားစာ…………..။ ….. ။

 

In: ကဗျာ Posted By: Date: Oct 31, 2010
Comment #1

ချစ်သူရယ်……နင်ငိုနေမှတော့ ငါ့ကောင်းကင်ကပြာနိုင်ပါ့ဦးမလားဟာ….
အရာရာပြိုကျ………

နင့်ပါးပေါ်ကအရည်ပျော်မြစ်အတွက် ငါတစ်မနက်လေးပဲပြန်နိုးထပါရစေ……
…..ဒီကဗျာလေးအတွက် အဲဒီ့စာသားလေးတွေက အရမ်းအားပါပါတယ်ကိုသားသားရေ….
အရမ်းကောင်းပါတယ်ဗျာ……

commentinfo By: moehtetaung18 at Oct 31, 2010
Comment #2

ဟုတ် ကျေးဇူး ဗျ အစ်ကိုတော် ဇာတိနောင်နဲ့ မိုးထက်အောင်
🙂

commentinfo By: သားသား at Oct 31, 2010
Comment #3

😀

commentinfo By: သားသား at Oct 31, 2010
Comment #4

ခံစားချက်အပြည့်နဲ့
စာသားလေးတွေလှတယ်..

commentinfo By: အမရာ at Oct 31, 2010
Comment #5

like!!!!!

commentinfo By: Demon 13 at Nov 1, 2010
Comment #6

တနားပါရယ်…ဟင့်ဟင့်…မျက်ရည်တောင်ဝိုင်း
ဒါမဲ့… တစ်မနက်စာနဲ့တော့ ပြန် မနိုးထစေချင်ဘူး….
အေးချမ်းပါစေပေါ့ကွယ်….။

commentinfo By: ယုစံ at Nov 1, 2010
Comment #7

ကောင်းပါ့ကွယ်….ဒါပေမယ့် တမနက်စာနဲ့တော့ ပြန်မနိုးနဲ့တဲ့ဟ..တသက်လုံးသာအိပ်ပေတော့တဲ့ ယုစံက ဟိဟိ

commentinfo By: ic23u0 at Nov 1, 2010
Comment #8

နိုးချင်လိုက်တာလည်း သူ့အပြင်နှစ်ယောက်မရှိဘူး နောက်ဆုံးတော့ လည်း တစ်ကမ္ဘာခြားကိုေ၇ာက်သွား ပါရော လား ။

commentinfo By: နွေးနွေး at Nov 1, 2010
Comment #9

ကမ္ဘာခြားကနေချစ်သူချော့ဖို့
တစ်မနက်ကလေး နိုးထလာပြီလား
လူရွှင်တော်လေး………:) 🙂

commentinfo By: moezat at Nov 2, 2010
Comment #10

kha na kha na ngo ya aung ma loak yin a kaung sone pe.
sate kauk like pyan chauk like so bar hma ma phyit par bu,
sate sin ye p myat yae kya aung loak tar dot a yan soe de,

commentinfo By: ei lay at Nov 14, 2011
Comment #11

:'(
:'(
:'(

commentinfo By: ei lay at Mar 19, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment