Professional Authors

မိန်း..က..လေး..ရယ်-ရွှေကြယ်မိုး

/* Style Definitions */
table.MsoNormalTable
{mso-style-name:”Table Normal”;
mso-tstyle-rowband-size:0;
mso-tstyle-colband-size:0;
mso-style-noshow:yes;
mso-style-priority:99;
mso-style-qformat:yes;
mso-style-parent:””;
mso-padding-alt:0in 5.4pt 0in 5.4pt;
mso-para-margin-top:0in;
mso-para-margin-right:0in;
mso-para-margin-bottom:10.0pt;
mso-para-margin-left:0in;
line-height:115%;
mso-pagination:widow-orphan;
font-size:11.0pt;
font-family:”Calibri”,”sans-serif”;
mso-ascii-font-family:Calibri;
mso-ascii-theme-font:minor-latin;
mso-fareast-font-family:”Times New Roman”;
mso-fareast-theme-font:minor-fareast;
mso-hansi-font-family:Calibri;
mso-hansi-theme-font:minor-latin;}

မိန်းကလေးရယ်…

သံသရာကြွေးတွေက အတုံ့အလှည့်

တင်လာပြီထင်ပါရဲ့……

အကြောင်းကြောင်းများကြောင့် တွဲလက်တွေ

ဖြုတ်ကြပါစို့ မိန်းကလေးရယ်…

 

မိန်းကလေးရယ်…

အဲ့ဒီ့သမုဒယဆိုတဲ့

ပန်းကလေးတွေလည်း မဖူးပွင့်တော့ဘူးနော်

သူတို့လည်း ကံမဆိုင်ကြတဲ့ ဖူးစာတွေကို

ပစ်ပစ်ခါခါမုန်းတီးလိုက်ကြပြီထင်ပါရဲ့…

 

မိန်းကလေးရယ်…

ဟိုး…..တုန်းက ရယ်သံလေးတွေကို

ကြားနေပါသေးရဲ့ကွယ်…

တချိန်က ငါဆိုတဲ့ကဗျာဆရာတစ်ယောက်ကိုတော့

ဖြစ်နိုင်ရင် ဝေးဝေးမှာတင် မေ့ထားလိုက်ကွယ်…

 

မိန်းကလေးရယ်…

စံပါယ်ပွင့်ဖူး ရနံ့ကြူးတဲ့

ဆံနွယ်လေးတွေကို အတွေးထဲမှာတင်

နမ်းရှိုက်နေပါသေးတယ်…

နင်ကော ငါရွတ်ပြခဲ့တဲ့ ကဗျာလေးတွေကို

လွမ်းနေမိသေးလား မိန်းကလေးရယ်…

 

မိန်းကလေးရယ်…

ဘ၀ဆိုတာကြီးက ခက်တယ်

ငါတို့ရဲ့ အသိတွေကလည်း ခက်တယ်

အရိပ်ယောင်လေးလောက်တောင်

လိမ္မာမပြခဲ့တဲ့ နင်ကလည်းခက်တယ်

ဘာပဲဖြစ်ဖြစ်…ငါကလည်း

ခက်ခဲ့ပါရဲ့ကွယ်…

 

မိန်းကလေးရယ်…

သိပ်ပြီးတော့ မငိုနဲ့တော့နော်

ငါပြောခဲ့သလိုပါပဲ…

(အတတ်နိုင်ဆုံး ငါ့ကိုမေ့ပစ်လိုက်ပါ)

ဟိုတစ်ချိန်က အနက်ရောင် ကဗျာစာအုပ်လေး

ဟောဒီကမ္ဘာကနေ ပျောက်ကွယ်သွားတဲ့အထိပေါ့…ဟာ

အရာရာကို အားမနာစတမ်း စုတ်ဖြဲပစ်လိုက်ပါကွယ်…

 

မိန်းကလေးရယ်…

ဘာတွေကို ဒီလောက်များ

စိတ်စွဲလန်းခဲ့ရသလဲကွယ်…

နင်ခပ်ပါးပါးလေး စွဲလန်းခဲ့ဖူးတဲ့

ငါ့အတွက်ဘာမှ ထင်ထင်ရှားရှား

အမှတ်ရခြင်းမျိုးတွေ မဖန်တီးပေးပါနဲ့တော့ကွယ်

 

မိန်းကလေးရယ်…

ဒီအချိန်မှာ စွဲလန်းခြင်းပေါင်းများစွာနဲ့

ဒီကဗျာကိုငါရွတ်နေပါတယ်…ရေးနေပါတယ်

အရင်ကဘာဆိုဘာမှ မစွဲလန်းတတ်ခဲ့တဲ့ငါဟာ

ခုတော့…နင်ချန်ထားခဲ့တဲ့ ခြေရာတွေရယ်…

နင်မှီထိုင်ခဲ့ဖူးတဲ့ တံခါးတစ်ချပ်ရယ်…

ရူဘီစီးကရက်တွေရယ်…တစ်ခုပြီးတစ်ခုကို

ဆိုးရွားတောက်လောင်စွာ စွဲလန်းနေပါရဲ့ကွယ်…

 

မိန်းကလေးရယ်…

အရာရာကို စီးကရက်တစ်လိပ်လို

ဖွာထုတ်ပြီး အသစ်တစ်လိပ်ကောက်တပ်

အားလုံးအစကနေ ပြန်တောက်လောင်ခွင့်ရှိရင် ကောင်းမယ်နော်

 

ဘာပဲဖြစ်ဖြစ်…

အရာရာကို ကျေးဇူးတင်ပါရဲ့

မိန်းကလေးရယ်…

၉လိပ်မြောက်စီးကရက်ကို နင်းချိုးခဲ့တဲ့အတွက်ရော

ငါ့နှလုံးသားတံခါးကို ညင်ညင်သာသာနဲ့ ခေါက်ပြခဲ့တဲ့အတွက်ရော

အားလုံးကို ကျေးဇူးတင်ပါရဲ့ကွယ်


မိန်းကလေးရယ်…

ကံကြုံကြတဲ့အခါ သူစိမ်းမဟုတ်တဲ့

လမ်းတွေထက်မှာ ပြန်ဆုံကြတာပေါ့ကွယ်

အဲ့ဒီ့အခါကြရင် အပြုံးဟောင်းလေးတွေနဲ့ပဲ

ဆီးကြိုနှုတ်ဆက် ….နောက်တော့…….

မှုန်ရီဝိုးတ၀ါးလွမ်းမောခြင်းလေးတွေနဲ့ ပြန်လည်

ကျောခိုင်းကြတာပေါ့….

မိန်း…က…လေး…ရယ်

                    ရွှေကြယ်မိုး

                 (9:14 PM)

                 (15/1/2012)

                  [email protected]

In: ကဗျာ Posted By: Date: Jan 16, 2012
Comment #1

အကို….goodတယ်ဗျ
အားပေးသွားတယ်…

commentinfo By: poem.poem28 at Jan 16, 2012
Comment #2

nu nyant de hnoke sat lan khwe chin lay pop naw

commentinfo By: ei lay at Jan 17, 2012
Comment #3

မိန်းကလေးရယ်…

ဟိုး…..တုန်းက ရယ်သံလေးတွေကို

ကြားနေပါသေးရဲ့ကွယ်…

တချိန်က ငါဆိုတဲ့ကဗျာဆရာတစ်ယောက်ကိုတော့

ဖြစ်နိုင်ရင် ဝေးဝေးမှာတင် မေ့ထားလိုက်ကွယ်…
အားပေးသွားပါတယ်ဗျ…………။

commentinfo By: ဇော်သက်ဦး(Ayatekalay) at Jan 17, 2012
Comment #4

ယောက်ကျားလေးရယ်.အားပေးသွားတယ်နော်…….. 😛

commentinfo By: May Kha at Jan 17, 2012
Comment #5

မိန်း..က..လေး..ရယ်တဲ့……
ကံကြုံကြတဲ့အခါ သူစိမ်းမဟုတ်တဲ့

လမ်းတွေထက်မှာ ပြန်ဆုံကြတာပေါ့ကွယ်

အဲ့ဒီ့အခါကြရင် အပြုံးဟောင်းလေးတွေနဲ့ပဲ

ဆီးကြိုနှုတ်ဆက် ….နောက်တော့…….

မှုန်ရီဝိုးတ၀ါးလွမ်းမောခြင်းလေးတွေနဲ့ ပြန်လည်

ကျောခိုင်းကြတာပေါ့….

မိန်း…က…လေး…ရယ်

ခေါင်းစဉ်ကိုတော့ သိပ်အားမရဘူးညီရေ….
ကျန်တာကတော့ ပြောစရာမလိုဘူး
ရေးမယ့်အကြောင်းအရာကို အထိရောက်ဆုံးရေးဟန်နဲ့
ပို့ပေးခဲ့တယ်လို့ ပြောချင်ပါတယ်

ချစ်ခင်စွာဖြင့် . . .
ကိုသျှား

commentinfo By: ကိုသျှား at Jan 21, 2012
Comment #6

အောက်ဆုံးအပိုဒ်မှာ ထိသွားတယ်။
ကဗျာလေးက ဖတ်လို့ကောင်းတယ်။
အားပေးသွားတယ်ဗျာ။

commentinfo By: gadounlay at Jan 21, 2012
Comment #7

ကံကြုံကြတဲ့အခါ သူစိမ်းမဟုတ်တဲ့

လမ်းတွေထက်မှာ ပြန်ဆုံကြတာပေါ့ကွယ်

အဲ့ဒီ့အခါကြရင် အပြုံးဟောင်းလေးတွေနဲ့ပဲ

ဆီးကြိုနှုတ်ဆက် ….နောက်တော့…….

မှုန်ရီဝိုးတ၀ါးလွမ်းမောခြင်းလေးတွေနဲ့ ပြန်လည်

ကျောခိုင်းကြတာပေါ့….
ကျွန်တော် ဒီကဗျာလေး ကို နှစ်သက်ခြင်းများစွာနဲ့ ခံစားအားပေးသွားပါတယ်ခင်ဗျာ

commentinfo By: အသဲကွဲမိုး at Jan 21, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment