Professional Authors

ဘ၀(သို့မ ဟုတ်) ကံဆိုးသူ မောင်သေ

မျှော်လင့်ခြင်းများစွာနဲ့
နိုးထလာရပြန်ပြီ
မနက်မိုးလင်း
လူရယ်ကင်းသော
တီးဆိုင်တွင်းဝယ်
လေးယောက်ဆိုင်ဆိုင်
ငါးယောက်ဆိုင်ဆိုင်
ငြင်းခုန်ကြရင်း
တိုင်ပင်ညှိုနိုင်း
ဂွင်ကျကျကို
ဟိုက ကျမှာ
ဒီက ဆင်းတာ
စသဖြင့်ပေါ့
ဘောင်အတွင်းဝယ်
ရှိသော ကိန်းများ
ဒီနားကို ၀ိုင်း
ဟိုနားကိုချစ်
အဖြစ်ဖြစ်သို့
ပါဝါလေလား
နက္ခတ်လေလား
ဂွင်ပိုင်ကျကျ
စီးရီးချ ကာ
ငါလုပ်တာအပိုင်
မင်းလုပ်တာဂွင်ကျ
မင်းဟာကို ငါ့ဟာပူး
ငါ့နောက်ကို မင်းဟာကပ်
အတိုင်တိုင်အဖောက်ဖောက်
နေ့စဉ်သောက်လို့(မှတ်ချက်… ရေနွေးသာသောက်နိုင်ပါသည်)
ငါများပေါက် က
စိတ်ကြီးရောက်ကာ
မီလျံနာလား
သန်းကြွယ်ကြီးလား
မြောက်ကြွမြောက်ကြွ
နံနက်လဲ ထိုး
ညလည်းထိုးကာ
တော် တော် ထိုးသည်
သို့ပေမယ့်လ ည်း
တစ်ရာမှ တစ်ခါလှည့်
ငါဆယ်မှ တစ်ခါလာ
တို့ဘ၀ကား
စိတ်ပျက်စရာဟု
စိတ်ဝယ်မတွေး
ငါ့၏ပုဆိုး
ကုန်လေသောလျင်
ငါ့မိန်းမထမီ
အလျင်ကူလို့
လှေမျောလှေလိုက်
ဒင်းမျောရင်းဒင်းနဲ့လိုက်မယ်
ကူးရင်းခတ်ရင်း
သောက်ရင်းကုန်ရင်း
သုံးရင်းပြောင်ရင်းပေါ့
မိန်းမကဆဲ
လူလဲမွဲ လို့
အဖွတ်ဖွတ်ကြေ
စိတ်တွေ ဝေလို့
ထိုင်နေကျ
တီးဆိုင် ထွက်လို့
လာပြီး
တီးဆိုင် အရောက်ဝယ်
မိတ်ဆွေဟုဒင်း ပြော
ဝင်လို့ရောကာ
ငါ့ဂဏန်းအား
ကြည့် လိုသည်ဆိုလို့
ပါသော ကလင်ဒါ
ဂွင်ကျကျ အလှကို
ထုတ်လို့ ပြသော
ငါ့လက်တစ်စုံကို
ညင်သာစွာကိုင်ပြီး
ခတ်လိုက်လေသည်
လက်ထိတ် ကြီးပါလား

In: ကဗျာ Posted By: Date: Jan 1, 2011
Comment #1

အိုး မိုင် ဂေါ့…………………….
ကြက်သီးထတယ်။

commentinfo By: layykyoe at Jan 3, 2011
Comment #2

he,,he,,,
he,,he,,
lots of fun.
so so good,

commentinfo By: ei lay at Aug 9, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment