Professional Authors

“ဟုတ်”

အလွမ်းတွေ ဘယ်ပြန် ညာပြန် တိုးဝင်လိုပါ

ဘာအပြစ် ကျူးလွန်မိမှန်းမသိတော့ပါဘူး

နေရာတိုင်းမှာလဲ

အချိန်တိုင်းလဲ

ချပြစရာ

ဘာအကောင်အထည်မှ မရှိခဲ့

ကျောက်စစ် သမားတစ်ယောက်လို

ထုစစ်ဖို့ ကျပြန်တော့လဲ

ငါမှာ တမ်းတခြင်းကလွဲလို့

ဘာ လက်နက်မှ မရှိခဲ့

ကဗျာတွေပဲ သီကုံးနေရတာပါ

တမြေ့မြေ့နဲ့ တောက်လောင်ခြင်းက

“ဟုတ်” ကနဲ့နဲ့ ငြိမ်းသွားမှာ မဟုတ်ဘူး

လက်မခံရင်နေပါ ခွင့်လွတ်ရင်ပဲ

ကျေနပ်တယ်…

In: ကဗျာ Posted By: Date: Nov 10, 2011
Comment #1

no weapons?
sure?

commentinfo By: ei lay at Nov 11, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment