Professional Authors

ဇာတ်ညွန်းထဲက ယောက်ျား

စေတန် မင်း ကျူးပစ်ကို
ငါနဲ့ ရန်တိုက်ပေးတယ် . . . .
မာန်နတ်တောင်
အူကြောင်ကြောင်ဖြစ်နေပြီ . . .
ရက်စက်တယ်လေ
ဒီတစ်နှစ်စာ ကံကြမ္မာက.. …
ပြက္ခဒိန်က ဗေဒင်တွက်ပြီး
ဇာတ်သိမ်းခန်းကို သတ်ခန်းလုပ်တယ်..
ငါ့ဘ၀မှာ ငါမင်းသားဖြစ်ပေမယ့်
ဇာတ်ညွန်းက ငါ့အလိုမကျဘူး
ငါ ဒေါသတွေ မာန်ထောင်နေတယ်. .
တရုတ်ကားတွေ အကြည့်များလို့
ပြက္ခဒိန်ကို စုတ်ဖြဲပြီး
ကလဲ့စားချေပစ်လိုက်တယ်…..
ကံကြမ္မာကို စိန်ခေါ်တဲ့
ဖူးစာက အလှည့်စားခံလိုက်ရတယ် . .
ဒီပွဲမှာ မာန်နတ်တောင်
ချစ်တတ်သွားတယ်ထင်တယ် . .
ငါ့အတွက် အနာဂတ်ကို
မီးရှို့ပေးတယ်….
လောကရဲ့ ကင်ပွန်းတပ်ပွဲမှာ
အလိုမတူစွာ ငါ ဘိသိတ်ခံလိုက်ရတယ်..
စပျစ်သီးချဉ်တဲ့ ၀ံပုလွေတဲ့ . . . . ။
အဖြစ်က
ဘဲဥအမွှေး နှုတ်ဖို့ဆိုပြီး..
ငါ ဇာကနာ ရှာတုန်းပဲ……..။

In: ကဗျာ Posted By: Date: Aug 2, 2010
Comment #1

အားပေးသွားပါတယ် ။။

commentinfo By: chityellusoelay at Aug 20, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment