Professional Authors

ပြဠာန်းချက်နဲ့ မက်လိုက်ပါ

အိပ်မက်တွင်
ပြဠာန်းချက်မရှိပါ
သို.သော်
လိုအပ်ချက်အရ
တပ်ထားတဲ့
ဆိုင်းဘုတ်ကြောင်.

အခွင်.မရှိမ၀င်ရ

လွယ်လွယ်ပြောကြကြေးဆိုရင်
ခင်ဗျားရဲ့   ချစ်ပါတယ် ဆိုတဲ့
စကားတစ်ခွန်းနဲ့ တင်
အဲ့ဒီ.နေ.က
ကျုပ်ရဲ့  အညတရ ညနေခင်း
တစ်ခုဟာ
ဆည်းဆာရောင်တောက်ခဲ့ဖူးပါတယ်။

မုန်တိုင်း
ကြားဖူးတဲံ စကားစု တစ်ခု
သိပ်ကြမ်းမယ်
မထင်ခဲ့တာတော. အမှန်ပါပဲ
ဒါပေမယ်.
ငါ.ရင်ဘတ်တစ်ခုလုံး
စုတ် ပြတ် သတ် သွား တယ်

နောက်ဆုံး ဆိုတဲ့ စကားတစ်ခွန်း
တိုက်တဲ့လေ မှာတောင်
အေးစက်စက် ရနံ့ က ပါတယ်
တွက်ချက်ပြတဲ့
သီအိုရီ တစ်ခု အတွက်
ကျေးဇူးပါ  ချစ်သူ

အချိန်ကအရာရာ ကို ကုစားပေးမှာပါတဲ့

အခုတော.
မက်တဲ့ အိပ်မကိတိုင်းမှာ
ပြဠာန်းချက်ရှိလာပါပြီ

အခွင်.မရှိပဲ ၀င်ခဲ့မိတာ မှားတာကိုး


                                                   ridd

In: ကဗျာ Posted By: Date: Sep 11, 2011
Comment #1

လွယ်လွယ်ပြောကြကြေးဆိုရင်
ခင်ဗျားရဲ့ ချစ်ပါတယ် ဆိုတဲ့
စကားတစ်ခွန်းနဲ့ တင်
အဲ့ဒီ.နေ.က
ကျုပ်ရဲ့ အညတရ ညနေခင်း
တစ်ခုဟာ
ဆည်းဆာရောင်တောက်ခဲ့ဖူးပါတယ်။

မိုက်တယ်…ဗျ..လုပ်ထား အားပေးနေတယ်

commentinfo By: terry at Sep 11, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment