Professional Authors

တန်ရာတန်ကြေး

နင်အသိအမှတ်ပြုလိုက်ပါ……
ငါပေးခဲ့တဲ့ နားလည်မှု
နင့်ကို အယုံသွင်းရုံသက်သက် ခံစားချက်တွေမဲ့ခဲ့တယ်ဆိုတာ…….။

နင် သတိရလိုက်ပါ…..
ငါ ဖန်ဆင်းခဲ့တဲ့ ကြင်နာခြင်း
နင့်ကို ကြေကွဲစေဖို့သက်သက်   ဒဏ်ရာတွေပေးဖို့ ရည်ရွယ်ခဲ့တယ်ဆိုတာ…….။

နင် လက်ခံပေးလိုက်ပါ…..
ငါ့ရဲ့ ဂရုစိုက်ခြင်း
နင့်ကို လှည့်စားဖို့ သက်သက် ငါ မာယာတွေ သုံးခဲ့တယ်ဆိုတာ……။

နောက်ဆုံး……နင် နားလည်လိုက်စမ်းပါ……
နင့်ကို နင် ဘ၀င်တွေမြင့်
နင်မဆင်မခြင် ထိုးနှက်ခဲ့တဲ့ စကားတွေကြောင့်
မိန်းမတစ်ယောက်ရဲ့အငြိုးက……..
နင့်အသည်းကို တဖြည်းဖြည်းခြင်း ညှင်းဆဲ ရိုက်ခွဲခဲ့တယ်ဆိုတာကို…………….။

In: ကဗျာ Posted By: Date: Dec 21, 2010
Comment #1

အရမ်းကောင်းပါတယ် ကေသရီရေ…..
ရင်တည့်တည့်ကိုမှန်တဲ့ ကဗျာလေးအတွက်
ကျေးဇူးပါခင်ဗျာ…….

commentinfo By: moehtetaung18 at Dec 21, 2010
Comment #2

နောက်ဆုံး……နင် နားလည်လိုက်စမ်းပါ……
နင့်ကို နင် ဘ၀င်တွေမြင့်
နင်မဆင်မခြင် ထိုးနှက်ခဲ့တဲ့ စကားတွေကြောင့်
မိန်းမတစ်ယောက်ရဲ့အငြိုးက……..
နင့်အသည်းကို တဖြည်းဖြည်းခြင်း ညှင်းဆဲ ရိုက်ခွဲခဲ့တယ်ဆိုတာကို…………….။

commentinfo By: နရီထက် at Dec 21, 2010
Comment #3

အမလေး…………. ကဗျာကို ဖတ်နေရင်းနဲ့ ကြက်သီးတွေတောင် တဖြန်းဖြန်းနဲ့ ထမိတယ်တော်…………………

commentinfo By: Zin Zinn at Dec 21, 2010
Comment #4

ကောင်းတယ် အမ ကေသ၇ီ အားပေးသွားတယ်ဗျာ….

commentinfo By: genius.jinx28 at Dec 21, 2010
Comment #5

ကောင်းပါတယ်ဗျာ ..
အသည်းကို ရိုက်ခွဲညှင်းဆဲ ထိုးနှက်ခဲ့တာတောင်မှ အပြုံးမပျက် ဆက်ချစ်နေမယ့် ဆုံဆည်းပါစေဗျာ.
အားပေးသွားတယ်ဗျို့

Comment #6

နောက်ဆုံး……နင် နားလည်လိုက်စမ်းပါ……
နင့်ကို နင် ဘ၀င်တွေမြင့်
နင်မဆင်မခြင် ထိုးနှက်ခဲ့တဲ့ စကားတွေကြောင့်
မိန်းမတစ်ယောက်ရဲ့အငြိုးက……..
နင့်အသည်းကို တဖြည်းဖြည်းခြင်း ညှင်းဆဲ ရိုက်ခွဲခဲ့တယ်ဆိုတာကို…………….။

အရမ်းကောင်းပါတယ်…..

commentinfo By: fphyoe at Apr 3, 2011
Comment #7

hote de,
a khu sate tway a yan to nay dar,,kwat ti pe.
lone wa heart hti de.

commentinfo By: ei lay at Aug 20, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment