Professional Authors

ခါးသီးလွန်းတဲ့…… အရာတွေ(ချူးသစ်ဝေ)

အချိန်ဆိုတာကို ခါးသီးပေမဲ့…. 

စောင့်ဆိုင်းရတာကို ကြိုက်တယ်……

မိုးရွာတာကို  ခါးသီးပေမဲ့….

မိုးရေထဲမှာ လျှောက်သွားရတာကို ကြိုက်တယ်……

နှင်းစက်လေးတွေ ကျနေတာကို ခါးသီးပေမဲ့….

နှင်းစက်လေးတွေနဲ့ ဆော့ကစားရတာကို ကြိုက်တယ်…..

လေပြေလေးတွေ တိုက်ခတ်တာကို ခါးသီးပေမဲ့….

လေပြေနဲ့အတူ မျောလွင့်ရတာကို ကြိုက်တယ်….

ကိုယ့်ချစ်သူက စိတ်ဆိုးတာကို ခါးသီးပေမဲ့….

သူ့ကို ချော့ရတာကို  ကြိုက်မိတယ်……..

လောကမှာရှိတဲ့ အရာအားလုံးကိုခါးသီးပေမဲ့…..

လောကမှာရှိတဲ့ အရာအားလုံးကို …………


In: ကဗျာ Posted By: Date: Jun 9, 2010
Comment #1

အားပေးနေပါတယ်

Leave Comments

Name*

Email*
Website
Email me whenever there is new comment