Professional Authors

ချစ်သူနှင့် ကျွန်မ၏ကွာဟချက်…

ချစ်သူက ကျွန်မရဲ့ အသံ၊
ကျွန်မရဲ့ မျက်နှာကို မေ့ဖို့ ကြိုးစားတယ်..။

ကျွန်မက ချစ်သူရဲ့ အသံ၊
ချစ်သူရဲ့ အပြုံးကိုအခုအချိန်ထိခံစားသိရှိနေတယ်…။

ချစ်သူက ကျွန်မရဲ့ လက်ကို
ရက်ရက်စက်စက်ဖြုတ်ချပစ်ခဲ့တယ်..။

ကျွန်မက ချစ်သူရဲ့ လက်ကို ကိုင်ရတဲ့ခံစားမှုနဲ့ 
နွေးထွေးမှုကို မမေ့အောင်ကြိုးစားခဲ့တယ်။

ချစ်သူက ကျွန်မနဲ့ အဝေးကြီးကို
ကျောခိုင်းထွက်ခွာသွားခဲ့တယ်….။

ကျွန်မကတော့ ချစ်သူဘယ်ရောက်သွားသွား
နှလုံးသားထဲမှာ အမြဲရှိခဲ့တယ်..။

ရွှေသမီး(ပျဉ်းမနား)

(၃၁.၁၂.၂၀၁၂) တွင် စတင်ရေးဖွဲ့ ၍ (၁.၁.၂၀၁၃) တွင် အဆုံးသတ်သည်။

In: ကဗျာ Posted By: Date: Jan 3, 2013
Comment #1

မညီမျှခြင်းတွေပါပဲလား…ဗျာ။
ခံစားအားပေးသွားပါတယ်။

commentinfo By: poem.poem28 at Jan 3, 2013
Comment #2

ဟုတ်ကဲ့..ခံစာအားပေးသွားတဲ့အတွက် ကျေးဇူးတင်ပါတယ်။

commentinfo By: Shwethamee at Jan 3, 2013
Comment #3

ခံစားချက်တွေ တူနေတယ်
အားပေးသွားပါတယ် ရှင်
အရမ်းလည်း ကြိုက်တယ်….ဒီကဗျာလေးကို

commentinfo By: ကေသရီ at Jan 3, 2013
Comment #4

ကျွန်မကတော့ ချစ်သူဘယ်ရောက်သွားသွား
နှလုံးသားထဲမှာ အမြဲရှိခဲ့တယ်..။

commentinfo By: mayviolet at Jan 5, 2013
Comment #5

Million thz
Same with my feeling.

commentinfo By: ei lay at Jan 6, 2013
Comment #6

Always live alive in my heart.

Ever remember every time.

Never forget under any circumstance.

commentinfo By: ei lay at Jan 6, 2013
Comment #7

အရမ်းမိုက်တယ်ဗျာ ရေးထားတာလေးက
ဆန့် ကျင်ဘက်လေးပါပဲ….

commentinfo By: loafer at Jan 6, 2013
Comment #8

အခုလို အားပေးကြတာ အရမ်းကိုဝမ်းသာကြည်နူးရပါတယ်..။
ဒီကဗျာလေးက ကျွန်မအတွက် ပထမဆုံးရင်တွင်းဖြစ်ကလေးပါ။
အားလုံးကိုတကယ်ပဲကျေးဇူးတင်ပါတယ်..။

commentinfo By: Shwethamee at Jan 7, 2013
Comment #9

တစ်နှစ်ကြာတဲ့ ကဗျာလေး ကလည်း တိုတိုကလေးနဲ့ ထိသွားတယ်ဗျာ… မောမောလျလျကြီးလည်း ဖြစ်သွားတယ်…

ဒါကြောင့်
နှစ်ခေါက်ပြန်ဖတ်ပြီး နှစ်နှစ်စာလောက် မောလျရအောင် ခံစားသွားပါတယ်အမရေ….

commentinfo By: 13th at Jan 7, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment