Professional Authors

ဝေးလွန်းတဲ့  အချစ်နယ်မြေ

အချစ်ရဲ့ စေညွှန်ရာ မင်ရှိရာ အရပ်သို့ 
လေနှင်ရာလွင့် တဲ့ တိမ်တွေနဲ့ အတူ
လွင့် မျောမိခဲ့ တယ်
ပြန်မဆုံချင်တော့ 
မြောက်ပြန်လေနဲ့ အတွေ့ မှာ
နောက်ပြန်ကွေ့ ခဲ့ ရပေါ့  ချစ်သူ
ဇနကကို နှလုံးမူလို့ 
 ပင်လယ်ပြင်မှာ လှော်တက်နဲ့ 
လှော်ခတ်ခဲ့  အချိန်မှန်
ကံကြမ္မာရယ် ဆိုးလွန်းတာလား
ရေဆန်မှာ မေခလာ ပေါ်မလာတာကြောင့် 
လှော်အခတ်မှာ လှော်တက်ကျိုးလို့ 
ရေစုန်မှာ မျောခဲ့ ရပြန်
ဝေဟင်မှာပျံသန်းတဲ့  ငှက်ငယ်လို
လိုရာခရီးကို အရောက်လှမ်းနိုင်တဲ့ အခါ
မင်းရှိရာ အချစ်နယ်မြေသို့ 
ကိုယ်အရောက်လှမ်းလာခဲ့ မယ် ချစ်သူ……..

In: ကဗျာ Posted By: Date: Aug 23, 2010
Comment #1

hote p kwa

commentinfo By: ei lay at Jan 14, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment