Professional Authors

နတ်ပျိုမသို့ ….ရည်းစားစာ (မိုးထက်အောင်)

နတ်ပျိုမသို့ ….ရည်းစားစာ

နတ်ပျိုမရဲ့ဂီတနဲ့  ကြယ်စင်တွေလည်းပွင့်ဝေကြစေ

ဥယျာဉ်တော်တစ်ဝိုက် လေညင်းတွေလည်းတိုက်ခတ်ကြစေ

ပန်းနုရောင်စာသားမှာ မေးဖျားအောက်ကမှဲ့ လေးကိုပဲလွမ်းဖျားလွမ်းနာကျတယ်

အမိန့် တော်အောက် ပြားပြားမှောက်ဒူးထောက်ခစားပါတယ်

ကဗျာတစ်ပုဒ် ကလောင်တစ်လက်နဲ့  စစ်တိုက်ထွက်ခဲ့ပါပြီ

ဦးဆွေးဆံမြည့်မဟုတ်ခဲ့တောင် ရင်ဘတ်အပြည့်ချစ်ခွင့်ရပါရစေ

(ခွင့်ပြုပါ……………………)

မသထာရည်စာဆုတစ်ခုအဖြစ် အပြုံးတစ်ပွင့်ပေးတော်မူပါ

တိမ်ပြိုကောင်းကင်အောက် လမ်းလျှောက်ထွက်ခဲ့တဲ့ဒီငမိုက်သားကို

အရှင့်ရင်ခွင်ဖျားမှာ တစ်သက်တစ်ကျွန်းချည်နှောင်ထားပါ

ချည့်နဲ့ နဲ့ မျှော်လင့်ချက်တွေ ကောင်းကင်ယံမှာဝေဆာခွင့်ပြုပါ

အနာဂတ်တွေလည်း သွားလမ်းသာလို့  လာလမ်းဖြောင့်ပါရစေ

ပန်းနုရောင်စာသားမှာ မေးဖျားအောက်ကမှဲ့ လေးကိုပဲလွမ်းဖျားလွမ်းနာကျတယ်ဆိုတာ

(အကျွန့် သခင်မ……………)

ထာဝရ….ယုံ…..ကြည်…..ပေး…..တော်…..မူ……ပါ…….

………………………………………………………………………………………………….။                    ။

                                                                                                                   မိုးထက်အောင်

In: ကဗျာ Posted By: Date: Mar 11, 2013
Comment #1

ဦးဆွေးဆံမြည့်မဟုတ်ခဲ့တောင် ရင်ဘတ်အပြည့်ချစ်ခွင့်ရပါရစေ
(ခွင့်ပြုပါ……………………)
………………………………………………………..
အနာဂတ်တွေလည်း သွားလမ်းသာလို့  လာလမ်းဖြောင့်ပါရစေ
……………………………………………………….
ကောင်းလိုက်တာ…..အားပေးသွားပါတယ်နော်

commentinfo By: နွေ at Mar 11, 2013
Comment #2

ကျေးဇူးအများကြီးတင်ပါတယ်…….

commentinfo By: moehtetaung18 at Mar 11, 2013
Comment #3

တကယ်ကို ကောင်း လွန်းပါတယ် ကိုမိုးထက်ရယ်…

commentinfo By: n$n at Mar 11, 2013
Comment #4

r lar lar
tay loh ya de kwar
d sar ko hma ma kway yin dot normal ma hote lout bu naw
daw yone tan yone yaee htar dar ma hote hman khan sarr mi par de.
a g g ko kyike de.

commentinfo By: ei lay at Mar 11, 2013
Comment #5

အရမ်းမိုက်တယ်ဗျို့ ………

commentinfo By: loafer at Mar 11, 2013
Comment #6

အရင်လိုပဲ…

commentinfo By: ကြက်ခြေခတ် X at Mar 11, 2013
Comment #7

ဟုတ်ကဲ့ မိုးထက်အောင် ပါခင်ဗျ…

မိုးထက်အောင်ပါပဲ ခင်ဗျ 😀

LIKE

commentinfo By: အသဲကွဲ မိုး at Mar 11, 2013
Comment #8

အားပေးခံစားခဲ့ပါတယ်

commentinfo By: neon at Mar 11, 2013
Comment #9

ပန်းနုရောင်စာသားမှာ မေးဖျားအောက်ကမှဲ့ လေးကိုပဲလွမ်းဖျားလွမ်းနာကျတယ်ဆိုတာ

(အကျွန့် သခင်မ……………)

ထာဝရ….ယုံ…..ကြည်…..ပေး…..တော်…..မူ……ပါ…….( ယုံကြည်ပေးလိုက်ပါတော့ဗျာ )

commentinfo By: မာန်ခက်ဝင့် at Mar 11, 2013
Comment #10

သူငယ်ချင်းအားလုံး ကျေးဇူးတင်ပါတယ်ဗျာ….

commentinfo By: moehtetaung18 at Mar 28, 2013
Comment #11

Wow! So cool…

commentinfo By: မေပျို at Mar 28, 2013
Comment #12

အားပေးလျက်ပါ

commentinfo By: zawthetoo at Mar 29, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment