Professional Authors

ကမ်းမဲ့ဒဏ်ရာ ပေပွနေတဲ့လူ (မိုးထက်အောင်)

ကမ်းမဲ့ဒဏ်ရာ ပေပွနေတဲ့လူ

ကောင်းကင်တစ်ခုရဲ့ဧရိယာကို လေချွန်ရင်းရှာဖွေခဲ့သူ
အက္ခရာတွေရဲ့ပေါက်ကွဲမှုမှာ တစ်စစီမွကြွေတယ်

ထိန်းချုပ်မှုစနစ်က သွေဖယ်လှုပ်ရှားနေတဲ့ရင်ဘတ်
ရေစိမ်ခံမျှော်လင့်ချက်နဲ့  အသတ်ခံလိုက်ရတယ်

အလင်းနဲ့ အမှောင်ကြားက အလွှာပါးပါးလေးကိုထိုင်ကစားရင်း
သေမင်းရဲ့နှုတ်ဖျားကို ပန်းနုရောင်ဆိုးပေးမယ်

မထီတရီချစ်ခြင်းတွေအတွက် လည်စင်းခံပါတယ်
အနာဂတ်အတွက်သူမရဲ့တပ်ဦးမှာ ဘီလူးတံခွန်လွှင့်ထူထားတယ်

မှော်ဝင်လက်နဲ့  ဘယ်ဖက်ရင်အုံကိုကြက်ခြေခတ်သွားတဲ့သူ

ဝတ်ကြေတန်းကြေကဗျာတွေနဲ့  ကျွန်တော့်ကိုလွမ်းကြောင်းပြောသွားခဲ့တယ်

(ညရယ်…………)
အိမ်ပြန်ချိန်တွေတောင်မေ့လျော့
အဝေးကလွင့်လာမယ့် အရိပ်တစ်ခုကိုတမ်းတနေခွင့်ဆိုတာ
နောက်…..ဘ၀…..ဘ၀တွေမှာတောင်ပြန်မရနိုင်တော့တာသိပါတယ်
ဒါ………ပေ……….မယ့်.…………..
………………………………………………………………………………..။

                                                                                           မိုးထက်အောင်

In: ကဗျာ Posted By: Date: Feb 5, 2012
Comment #1

a yan mike de.
sa ka lone a g g tway pe,,
lone wa ko kway lout de,,
hmaw win let so peeeee

commentinfo By: ei lay at Feb 5, 2012
Comment #2

ကဗျာတွေနဲ့ ကိုမိုးထက်အောင်ပြန်လည်နိုးထလာပြီဘဲဗျ
ကဗျာကတော့ ခွန်အားအပြည့်ဘဲဗျ
လူကတော့ ဘယ်လိုနေလဲမသိဘူး ကိုမိုးထက်အောင် ဒဏ်ရာတွေသက်သာသွားပြီလားဗျ ဟိုတစ်လောကကားမှောက်တယ်ကြားလို့ ။

commentinfo By: X - ray at Feb 8, 2012
Comment #3

မှော်ဝင်လက်နဲ့  ဘယ်ဖက်ရင်အုံကိုကြက်ခြေခတ်သွားတဲ့သူ
ဝတ်ကြေတန်းကြေကဗျာတွေနဲ့  ကျွန်တော့်ကိုလွမ်းကြောင်းပြောသွားခဲ့တယ်ဝတ်ကြေတန်းကြေလေးပေါ့..ဦးလေးရာ…သတိရနေပါတယ်

commentinfo By: အသဲကွဲမိုး at Feb 9, 2012
Comment #4

ကျေးဇူးတင်ပါတယ် အစ်ကိုတော် x-ray ရေ

အသဲကွဲမိုးကိုလည်းကျေးဇူးတင်ပါတယ်။

commentinfo By: moehtetaung18 at Feb 9, 2012
Comment #5

အရမ်းလေးစားသွားပါတယ်ခင်ဗျာ………ကိုကြီး..သတိလဲရနေပါတယ်

commentinfo By: nyanlinhtet at Feb 11, 2012
Comment #6

နာမည်ကစလို့ တစ်ပုဒ်လုံးကို နှစ်သက်မိတယ်ဗျာ ရေးတတ်လွန်းပါတယ် ကိုမိုးထက်အောင်

commentinfo By: 13th at Feb 4, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment