Professional Authors
တေလေတစ်ယောက်ရဲ့ အလွမ်းမှတ်တမ်း (မိုးထက်အောင်)
တေလေတစ်ယောက်ရဲ့ အလွမ်းမှတ်တမ်း
ကမ္ဘာပျက်ညရဲ့ တေးသွား
သားကောင်ချနင်းတဲ့ ဆိုရိုးစကားအတိုင်းပေါ့
(ဟောဒီ့ကောင်ကို…..)
နင့်ကျည်ဆန်ထိပ်ဖူးမှာ အဆိပ်လူးပြီးပစ်
ပန်းနုရောင်လေးရေ
ဟိုးကောင်းကင်ရဲ့မြစ်ဖျားမှာ
တိမ်တွေစီးဆင်းနေတာတွေ့ ရဲ့လား
(ကစဥ့်ကလျား……….)
နင်မပါဝင်တော့တဲ့ကမ္ဘာမှာ
အသည်းကွဲငိုချင်းမှာ
ဆိုလိုရင်းတွေလည်းမေ့ခဲ့
(ညရယ်……..)
မနက်ဖြန်နေထွက်မှာတောင် သိပ်ကြောက်နေခဲ့မိတယ်
အလင်းစက်တွေရဲ့တစ်ဖက်ကမ်းမှာပဲ
(ကျွန်တော့်ကို………)
ရက်ရက်စက်စက်လေး မှောင်……
………………………………………………..
နင့်ရင်ဘတ်မှာ စံပယ်တွေထပ်ဖူးခဲ့ရင်
ငါရူးသွားပြီလို့ ပဲမှတ်လိုက်ပါ
အရူးတစ်ယောက်ရဲ့လက်မှတ်
တကယ်ရူးနေကြောင်းထောက်ခံချက်
နင့်လက်ထဲအပ်ခဲ့မယ်
ငါအမုန်းဆုံး အက္ခရာတွေနဲ့ ပဲ
နောက်ဘ၀အထိ အရှုံးပေးပါတယ်
(ကဲ…….ပစ်တော့)
နင့်ကျည်ဆံထိပ်ဖူးမှာ အဆိပ်လူးပြီးသာ ပစ်ချလိုက်ပါတော့
ကမ္ဘာပျက်ညရဲ့တေးသွား
သားကောင်ချနင်းဆိုတဲ့ ဆိုရိုးစကားအတိုင်းပေါ့ဗျာ…….
……………………………………………………………………………………..။
                                                             မိုးထက်အောင်
In: ကဗျာ Posted By: Date: Aug 5, 2011
Comment #1
ဝင်ရောက် ခံစား သွားပါသည်
Comment #2
အလွမ်းမှတ်တမ်းးးး …
commentinfo By: တိမ်တိုက် at Aug 5, 2011
Comment #3
………………………………………………………….
……………….
ဘာမှမပြောခဲ့တော့ဖူး..ဗျာ
commentinfo By: အသဲကွဲမိုး at Aug 5, 2011
Comment #4
so much good.
commentinfo By: eilay at Aug 5, 2011
Comment #5
အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ………
commentinfo By: moehtetaung18 at Aug 5, 2011
Comment #6
ကဗျာက ဖတ်လို့ တယ် ကောင်းတယ်ဗျာ ။ မသိပေမယ့် အားပေးသွားပါတယ် ။
commentinfo By: X - ray at Aug 6, 2011
Comment #7
ကျေးဇူးပါ…..
commentinfo By: moehtetaung18 at Aug 6, 2011
Comment #8
ကောင်းသောကဗျာပါ….။
Comment #9
အမှန်ပါပဲ …ကောင်းသောကဗျာလေးပါခင်ဗျာ … 😛
commentinfo By: chityellusoelay at Aug 7, 2011
Comment #10
နင့်ရင်ဘတ်မှာ စံပယ်တွေထပ်ဖူးခဲ့ရင်
ငါရူးသွားပြီလို့ ပဲမှတ်လိုက်ပါ
အရူးတစ်ယောက်ရဲ့လက်မှတ်
တကယ်ရူးနေကြောင်းထောက်ခံချက်
နင့်လက်ထဲအပ်ခဲ့မယ်
ငါအမုန်းဆုံး အက္ခရာတွေနဲ့ ပဲ
နောက်ဘ၀အထိ အရှုံးပေးပါတယ်
commentinfo By: အသဲကွဲမိုး at Oct 5, 2011
Leave Comments
Name*
Email*
Website
Email me whenever there is new comment