Professional Authors

တစ်ခုတည်းသောဆုတောင်း

တွေ့ဆုံကြုံကွဲ လွဲရမြဲပင်
လည်ဆဲအမှန် သံသရာလည်း
စည်းချက်ညီစွာ မတားသာပ။

ကမ္ဘာကျယ်ကျယ် လောကလယ်တွင်
ကံကယ်၍ကြုံ ဆုံခဲ့ကြရ
ဤမျှနှင့်ပင် ကျေးဇူးတင်မိ။

ကံတရားကို မေးလိုပါလှ
မည်မျှကြာကြာ ဆက်၍သာလျှင်
ငါရှင်သန်ရဦးမည်နည်း။

အသင်လောက
ငါ့အားကြင်နာ သနားပါက
ရှေ့မှာစောင့်လျက် နောင်မနက်တွင်
အသက်တည်ကာ နေပါသ၍
ပျော်မွေ့တူတူ ချစ်သူနှင့်သာ
နေပါလို၏ ။

စိုးထိတ်ရင်ပူ မချစ်သူနှင့်
တူနေရခြင်း အလျဉ်းကင်းရ
လိုလှ၏။

လေးလုံးစပ်လင်္ကာ
ချိုဦးဝေ(6.2.2013)

In: ကဗျာ Posted By: Date: Feb 6, 2013
Comment #1

ထက်တူထက်မျှ

commentinfo By: ei lay at Feb 6, 2013
Comment #2

ထပ်တူထပ်မျှ

commentinfo By: ei lay at Feb 6, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment