Professional Authors

ဖိနပ်ကလေးလို

ငယ်ငယ်တုန်းက အမေ ၀ယ်ပေးတဲ့

ဖိနပ်ကလေး တစ်ရန်ရှိတယ်။

ငါ ကြိုက်လွန်းလို့ အမြဲစိးခဲ့တာပေါ့။

နှစ်ဖက်ပေါင်း မှ ပြည့်စုံတဲ့

သူတို့ဟာ . . .

နှင်းတွေထဲမှာလည်း တူတူ

မိုးရေထဲမှာလည်း တူတူ

တောင်တွေပေါ်မှာလည်းတူတူ လျှောက်ခဲ့တာပေါ့။

မြေနီလမ်းတွေတူတူ ဖြတ်ခဲ့သလို

ကော်ဇောပေါ်မှာလည်း တူတူ ခြေချခဲ့တယ်။

ဒါပေမဲ့ မမြဲတဲ့သဘောအရ

တစ်နေ့မှာပေါ့

ဖိနပ်ကလေး တစ်ဖက်ပြတ်သွားတယ်။

တစ်ဖက်ထဲပြတ်သွားပေမဲ့

စီးလို့မရတော့လို့

ဘူးထဲထည့်ပြီး သူတို့ကို

အိပ်ခန်းထောင့်မှာ နေရာပေးလိုက်တယ်။

ချစ်သူရေ. . .

မင်းနဲ့ကိုယ်လည်း . . .

မိုးရွာထဲမှာတူတူလျှောက်ပြီး

ခရောင်းလမ်းတွေကိုလည်းအတူ ဖြတ်ကျော်ချင်တယ်။

ဖိနပ်ကလေးတွေလိုပဲ

နောက်ဆုံးတစ်နေ့ တစ်ဖက်ပြတ်သွားရင်တောင်

နှစ်ယောက်လုံး အတူ

လောကကြီးရဲ့ တစ်ထောင့်မှာ

နေရတဲ့ ဘ၀လေးတစ်ခုဖြစ်ချင်တယ်။ ။

In: ကဗျာ Posted By: Date: Oct 1, 2012
Comment #1

မိုးရွာသောနေ့တစ်နေ့မှအတွေးပါ အချောပြန်မရေးရသေး၍ ပိုကောင်းလာအောင် စာဖတ်သူများဝိုင်းပြင်ပေးနိုင်သည်…

commentinfo By: oo.CoBrA at Oct 1, 2012
Comment #2

Really nice creation

commentinfo By: ei lay at Oct 1, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment