Professional Authors

ငါဒီရေလှိုင်း – ဒီရေလှိုင်း

သူများလို တို့မရိုင်းတယ်
တိုင်းသိပါရဲ့
သမိုင်းအရှိမှာ
မှိုင်းမိသလို အီစီကမာ
ပလီပလာ
မသဒီစရာ ယောင်တောင်တောင်နဲ့
ကြောင်နေတာ ဘယ်သူလည်း
မင်း ရှုတ်သမျှ

ငါထုတ်ပြရင်
အားလုံးကရှုတ်ချ
ပုတ်ပွသွားမယ်
အာဏာရှင်လို
မဟာဘ၀င်နဲ့
ငါထင်တာတွေလုပ်ချင်လုပ်
ငါထုတ်ချင်ထုတ်
ဖြုတ်ချင်ဖြုတ်
မင်းကလုပ်လို့ရချင်ရမယ်
ငါ့နှလုံးသား င့ါသွေးသားရဲ့
အနုပညာ သစ္စာတရား
ကဗျာများဟာ သေကာမသွား
ထာဝစဉ်နိုးကြား ရိုက်ခတ်သွားမယ်
ငါဟာ ကဗျာဒီရေလှိုင်း
တစ်ကြိမ်သာ ရိုက်တဲ့
လှိုင်းမဟုတ်

သမိုင်းထုတ်လို့ပြခဲ့မယ် ။    ။

In: ကဗျာ,Others Posted By: Date: Jan 26, 2013
Comment #1

R lar lar,,,
Pout Kwe pyit like p kwa.
🙂

commentinfo By: ei lay at Jan 27, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment