Professional Authors

တစ်ခါတစ်ခါ ရင်ထဲကနာတာလောက်ပါပဲ..

ဒီမနက် အိပ်ရာအထ ကျွန်တော်ရင်တွေ
ဆို့ နင့်လာတယ် ချစ်သူ…
အိပ်မက်ဆိုး အိပ်မက်ကောင်းရယ်လို့ 
ကျွန်တော်မသိခဲ့ မိဘူး
ချစ်သူရဲ့ ပုံရိပ်တွေ ကျွန်တော် နံရံမှာ
ဆီဆေးတစ်ချပ် ဖြစ်ဖြစ်လာတယ်

လွမ်းနေမယ် ဆိုတာထက်
တမ်းတနေမယ်ဆိုတာ ချစ်သူရယ် နင်သိနေပြီးသားပါ
ဒီစာသားတွေရေးရင် ငါ့လက်ချောင်းလေးတွေထက်
ငါ့နှလုံးသားတွေက ပိုလှုပ်ရှုားပေးရတယ်
ပြီးတော့….
ငါ့လက်ကျန်အားအင်တွေစုပြီး ချစ်သူရေ
အတိတ်တွေ ပြန်ကောက်လိုက်တယ်
လေးလိုက်တာ ဟာ……………….။

In: ကဗျာ Posted By: Date: Jan 20, 2013
Comment #1

:'(
chit thu tway ka sate chinn sat nay par de so hma,,
ta yout ka nar kyin nay de so yin nout ta yout ka kyay kwe nay hmar pop.

commentinfo By: ei lay at Jan 20, 2013
Comment #2

NiCe PoEm !!!

With respect,
RAY

commentinfo By: X - ray at Jan 27, 2013
Comment #3

ကျေးဇူးတင်ပါတယ် X-ray နှင့် ei lay
အားပေးတဲ့လူတွေရှိတော့ ကျွန်တော်အားတက်ပါတယ်
ပြီးတော့ ဒီမှာရေးစေချင်တဲ့ကျွန်တော့် သူငယ်ချင်းအာကာစိုးကိုလဲကျေးဇူးတင်ပါတယ်
ငယ်ငယ်တုန်းက ကဗျာလေးတွေရှိတယ် အိမ်ကိုမေးတော့ နင့်စာအုပ်တွေ ရောင်းစားလိုက်ပြီတဲ့
ကျွန်တော်ကျောင်းစာအုပ်ရဲ့ နောက်ဖက်တွေမှာ ကဗျာလေးတွေ ရေးတတ်ပါတယ်
အခုတော့ ကုလားကြီးရဲ့ ချိန်ခွင်ထဲ ကဗျာလေးတွေ ခစားလိုက်ရပြီ
အခုတော့ စာအုပ်ထဲ မရေးပါဘူး.. ကီးဘုတ်နဲ့ ပဲရေးတယ်
ကဗျာကိုဖတ်တဲ့လူအရေအတွက်ရယ် ကွန့် မန့် လေးတွေဖတ်ပြီး
အခုကျွန်တော်အလုပ်ထဲမှာ နားချိန်ဆို ဖုန်းလေးဖွင့်ပြီး PDF ဖိုင်နဲ့ စာအုပ်တွေ
ပြန်ဖတ်နေပါတယ်…..ကျွန်တော်ကြိုးစားနေပါတယ်

commentinfo By: thahanthit at Jan 28, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment