`မာရီယာ´လို့ တစ်ခွန်းခေါ်တိုင်း နင့်ကို တစ်ခါမုန်းတယ်ကောင်လေး
လောကကြီးက ရယ်ရတယ်
လူတွေက ပိုရယ်ရတယ်
နင်က အရယ်ရဆုံးပဲ
နင်ဟာ ဆူလွယ်နပ်လွယ်၊နင်ဟာ တကယ့်ကလေးပါကောင်လေး
နံရံကို ခေါင်းနဲ့ဝင်တိုက်နေတဲ့နင့်ရင်ကွဲသံဟာ အလကားပဲ
ဖြူမယ်ထင်လို့ ချိုမြိန်ခဲ့တဲ့ငါ့သံယောဇဉ်ဟာ အလကားပဲ
အညှာလွယ်မယ်ထင်လို့ ငါ့ကို နင်ခြွေကြည့်တာလား
မိုက်ရူးရဲစိတ်နဲ့ လမင်းကိုမှ ထိုးဟောင်နေတာလား
နင် ချစ်နေတာကို ငါ မုန်းတယ်
ငါနဲ့မျက်စောင်းထိုးနေရာမှာ နင်ရှိနေရင်တောင်
နင့်ကို မျက်စောင်းမထိုးချင်တော့ဘူး
ငါ့အကြောင်းတွေးမယ့် နင့်အချိန်တွေ ငါ့ကို ရောင်းစမ်းပါ
နင့်လက်နဲ့ချရေးရလောက်အောင်ထိ ငါ့နာမည်က ဈေးမပေါဘူးကောင်လေး
နင့်ရဲ့အပေါစားအချစ်ကဗျာတွေကို `မာရီယာ´လို့ ခေါင်းစဉ်မတပ်နဲ့
ကိုသျှား
Comment #2
ကောင်လေးကခေါ်တာကို မာရီယာကမုန်းတယ်တဲ့လားးးး . . . 😛
By: နတ်သမီး at Apr 23, 2012
Comment #3
ကိုသျှားရေးချက်ကတော့.အမှန်ကောင်းတယ်ဗျာ.
By: poem.poem28 at Apr 30, 2012
Comment #4
phat shu r pay twar par ei.
By: ei lay at Jun 17, 2012




Comment #1
အင်း တမျိုးတော့ တမျိုးကြီးလိုပဲ။ ဘာလဲလို့ မေးရင်တော့ အကိုလည်း မပြောတတ်ဘူး