Professional Authors

တစ်ခါတစ်ခါပေးဖြစ်တဲ့ ဒဏ်ရာတွေ

တစ်ခါတစ်ခါပေးဖြစ်တဲ့ဒဏ်ရာတွေ

တစ်ခါတစ်ခါမက်ဖြစ်တဲ့အိပ်မက်ဟာ
msg အနွမ်းလေးတွေ
လူမသိသူမသိ အလွမ်းတွေနဲ့
တခမ်းတနား တင့်တယ်ခဲ့
ရွှေရောင်တိမ်တိုက်ပါ လို့
အာမဘန္တေ ခံရင်း
ကိုယ့်ကောင်းကင်ကို မိုးထစ်ချုန်းရွာပြဖူးတယ်
သိုးမည်းတစ်ကောင်ရဲ့ ရယ်သံမှာ
ကမ္ဘာကြီး ဒူးထောက်အရှုံးပေးရအံ့ဆိုတာမျိုးလည်း
ကြုံးဝါးခဲ့သေးရဲ့
အခုတော့
သူလိုကိုယ်လို
လူပီသခဲ့သမျှ
မင်နီပဲ အထပ်ထပ် တားခံနေရ
ချစ်သောနှင်းဆီရေ….
ရင်ဘတ်အစိမ်းနဲ့
ကြက်ခြေခတ်ခံလိုက်ရတဲ့ အမှန်တရားအတွက်
ညီမျှခြင်းတွေကိုပဲ အပြစ်တင်တော့မယ်
တစ်ကယ့်တစ်ကယ်
အဆုံးစွန်ထိ မိုက်မှားခြင်းဆိုတာလည်း
အနုပညာတစ်ရပ်ပါပဲ…….။

In: ကဗျာ Posted By: Date: Oct 1, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment