နင်နာကျင်နာမှာပေါ့…..တစ်ချိန်က..ချစ်သူရယ်…။
ချစ်သူနဲ့  ကန်ရေပြင်စပ် ထိုင်ခဲ့တုန်းကပေါ့
သစ်ရွက်နုလေးတစ်ရွက် ကြွေကျလာတယ်
ချစ်သူက ကောက်ယူကာမေးခွန်းလေးမေးဖူးတယ်
“သစ်ရွက်ကလေးက မရင့်ပဲနဲ့ ဘာလို့ ကြွေကျလာတာလဲတဲ့”
ကျွန်တော် မဖြေနိုင်ခဲ့ဘူး
ဒီလိုနဲ့  အချိန်တွေကြာလာခဲ့တယ်
အခုတော့ သစ်ရွက်နုလေးဟာ ချစ်သူဖြစ်နေပါတော့တယ်
အကိုင်းလေးက မနိုင်လို့ လွှတ်ချခဲ့တာမှ မဟုတ်တာပဲချစ်သူ
ရုန်းထွက်သွားတဲ့ အရာတွေကို ဘယ်အရာတွေက ဆုပ်ကိုင်စေနိုင်မှာတဲ့လဲ ကွယ်
မင်းထွက်ခွာတဲ့အချိန် ရုန်းထွက်သွားတဲ့ လက်ကလေးကို 
ငါက တင်းတင်းဆုပ်ကိုင်ခဲ့မိသွားရင်…..
နင်နာကျင်နာမှာပေါ့…..တစ်ချိန်က..ချစ်သူရယ်…။
Comment #3
အဲလို လွှတ်ပေးလိုက်တာ ကသူ့ကို ပိုနာသွားစေခဲ့မှာ။
ကိုယ်ချစ်သူနာကျင်မှာဆိုးလို့ ဆြိုပြီး လွှတ်လိုက် တာ သူ့အတွက်နာကျင် စေ ယုံ သာမက ဒုက္ခအကြီ့း ကြီးီ ပေးပြီး သတ်လိုက်သလို ဖြစ်သွားရင်တော့ာ နှစ် ဘက် စလုံး အတွက်မကောင်းဘူးပေါ့နော်။
အကြောင်း အရင်း တခုကို သေသေချာချာ မသိပဲနဲ့ ဆုံးဖြတ်ချက်တွေ မမှားစေချင်ပါဘူးရှင်။
ကဗျာရေးထားတဲ့ပုံစံလေးးး နဲ့
 အတွေးလေးက ချစ်စရာလေးပါ။
                        By: ei lay at Jun 6, 2013
                    Comment #5
ကျွန်တော် ဆုပ်ကိုင်ထားရတာထက် စာရင် လွှတ်ပေးလိုက်တာ ပိုကောင်းမယ်ထင်လို့ ပါ ။ချစ်သူပျော်မယ်ထင်ခဲ့တာလေ …..
သူပျော်မှာပါ ………
                        By: သဟံသစ် at Jun 7, 2013
                    Comment #6
ဟင်း ဟင်း
နည်း နည်း ရယ် ချင် သွား တယ် ရှင်။
သူ ပျော် မှာ ပါ။ သူ အ ဆင် ပြေ မှာ ပါ။ (ရှင် မြင် လို့ လား  ဟင်။ သက်  သေ ရှိ လာ့း)
သူ့ အ တွက် သို ပျော် စေ ချင် လို့ ပါ  ဆို ပြီး  အ  နစ်  နာ ခံ  လိုက်  တာ  ပါ ဆို  ပြီး  မ ပြော ပါါါ နဲ့ ရှင်။
🙂
ရှင် က အ ရင် ထား ခဲ့ နိုင် သူ ဆို ပြီး တော့ ပဲ ဂုဏ် ယူ ပျော် ရွှင် နေ လိုက် ပါ။
ကိုယ် ချစ် တဲ့ သူ ကို ဘယ် သူ မှ ရက် ရက် စက် စက် လမ်း ခွဲ မှာ မ ဟုတ် ပါ ဘူး
အ ခက် အ ခဲ ဆို တာ လူ တိုင်း မှာ ရှိ တာ ပဲ လေ။
စွန့် လွှတ် ခြင်းး နဲ ချစ် တာ လို့ မ ပြော နဲ့ နော် ။
မိန်း က လေး တွေ အ တွက် အဲ့ ဒါ အ ရမ်း ရယ် ရ တဲ့ ပြက် လုံး။
့
                        By: ei lay at Jun 7, 2013
                    Comment #7
ထူးအယ်လင်းရဲ့  အချစ်လို့  ခေါ်သလား ဆိုတဲ့ သီချင်းကို အိလေး နားထောင်ပါလို့ ပဲ ကျွန်တော်ပြောချင်တာနဲ့ ကိုက်ညီတယ်
တစ်ခါတစ်ခါ  ရှင်းပြရခက်တဲ့ ပြသာနာတွေ အများကြီးရှိပါတယ်
အချစ်ဟာလဲ တစ်ခုအပါအဝင်ပေါ့ဗျာ
                        By: thahanthit at Jun 9, 2013
                    



 
Comment #1
ထပ်တူထပ်မျှ နားလည် ခံစား အားပေးနေလျှက်ပါ