Professional Authors

ငါ မဟုတ်ခဲ့တဲ့ ငါ

နာကျင်မှုတွေထွေးကာပိုက်လို့

 

မရည်ရွယ်ပါဘဲ…. နင့်အနားမှာ

 

ငါခြေစုံရပ်နေမိတရ်….။

 

တစ်စထက် တစ်စ ပိုတိုးလာတဲ့

 

ကြင်နာခြင်းများ

 

ရေနစ်နေသူငါ့အတွက်တော့

 

နင်ဟာ ကောက်ရိုးတမျှင်လည်းဖြစ်ခဲ့တရ် ။

 

နားလည်ပေးပါ….ချစ်သူ

 

နားလည်ပါဆိုတာထက် ပို

 

ရိုးရိုးလေးပါဘဲ

 

ငါ ငြိကာ တွယ် ခဲ့တရ် ။

 

မရည်ရွယ်ပါဘူးပေါ့…..

 

အဲ့စကားလေးကိုဘဲ

 

ထပ်ခါ ထပ်ခါ ပြော

 

အခါခါ ရေရွတ်ရင်း

 

ဒီနွံထဲက နစ်မှန်းမသိနစ်အောင်

 

ငါ မိုက် မိုက် မဲ မဲ တိုး ဝင်ခဲ့တရ် ။

 

နင်ငါ့ကို ခွင့်လွှတ်ပါ ။

 

ယုံကြည်စွာမျှော်လင့်

 

နောက်ဆုံး အနေနဲ့ အနမ်းလေးတစ်ပွင့်အဖြစ်လည်း

 

ငါ ရူး ရူး မိုက် မိုက်

 

တောင်းတနေမိသေးတရ် ။

 

နင် နာကျင်တဲ့အခါ

 

ငါ ကျခဲ့ဖူးတဲ့

 

မျက်ရည်စက်တွေအကြောင်း

 

ငါ တခုတ်တရနဲ့ ပြောပြချင်သေးတရ် ။

 

နင် စိတ်လိုလက်ရ နားထောင်ပြီးတဲ့အခါ

 

ငါ့ကို မုန်းပါ ။

 

တောင်းတဲ့ဆုတွေတိုင်းသာ

 

ပြည့်ဝတတ်ခဲ့မရ်ဆိုရင်

 

ငါ့ရင်ခွင်ရဲ့

 

ဟိုးဝေးဝေးမှာ

 

နင်အမြဲ ကျန်းမာပျော်ရွှင်နိုင်ပါစေလို့

 

တောင်းဆုတွေ ခြွေချ

 

ကြယ်ကြွေ ညတွေကိုလည်း

 

ငါမျှော်ငေးနေတတ်ပြီ….ကောင်မလေးရေ ။

 

တကယ်တော့

 

ငါ ဆို တာ . . . . . . . . . . . . . . . ??

 

                                            မာန်ခက်ဝင့်

 

                                           25.03.2013

In: ကဗျာ Posted By: Date: Mar 28, 2013
Comment #1

ငါ ဆိုတာ….

commentinfo By: မေပျို at Mar 30, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment