Professional Authors

စိတ်၏ စေစားရာကို ကဗျာဖွဲ့ဆို

လွန်ဆွဲခဲ့ရတဲ့ အချစ်စစ်ပွဲ
မနွှဲချင်တာတောင် ဝင်နွှဲခဲ့တယ်..
တကယ်တော့ ငါနှလုံးသားက
အရှုံးသမားဖြစ်ဖို့မွေးဖွားခဲ့တာ ထင်ပါရဲ့…
ပြိုင်ပွဲတိုင်းကို နိုင်ပွဲမရခဲ့ဘူး….။

လူရှုပ်တဲ့ အချစ်မြို့ထဲမှာ
မျက်စိလည်သွားတယ် ဆိုရမှာပဲ
တကယ်တော့ ငါကိုယ်တိုင်
ဆန္ဒပါလို့သွားခဲ့တာ မှမဟုတ်ပဲ
နင်ဆွဲခေါ်ရာ ပါခဲ့ရတဲ့ ငါပါ…။

ငါပေးခဲ့တဲ့ မေတ္တာတွေကို
နင်အတုမှတ်ခဲ့ သလား…?
တကယ်တော့ နင်ကမှ
အတုအယောင်ပါ…
အာကာသထဲ ပစ်လွှတ်တဲ့
ဒုံးကျည်လိုပဲ
နင့်ကိုငါချစ်ခဲ့တာတွေလဲ
အခုတော့ ဆုံးပြီ…။

သစ်ရွက်ကြွေသံကိုတောင်
ခွေးဟောင်သံ အမှတ်နဲ့
ငါဒေါသထွက်ခဲ့တယ်ဆိုရင်
နင်ယုံမလား…? ၊
မယုံနဲ့….
နင့်ရဲ့ ယုံကြည်မှုကို
ငါမလိုချင်တော့ဘူး….။

ကမ္ဘာပေါ်မှာရပ် နေခဲ့ပေမယ့်
ငါ့စိတ်တွေက စင်္ကြာဝဠာ ထဲ
လွင့်မျောနေခဲ့တာ
နင့်နဲ့မတွေ့ဖြစ်တဲ့
အချိန်ကတည်းကပါ…။

တစ်ဖက်တည်းတီးလို့
မမြည်နိုင်မှန်းသိပေမယ့်
ငါရအောင် တီးခတ်ခဲ့တာပဲ
နင်မကြားဘူးဆိုတာ
ငါမယုံပါဘူး…
နင့်နားက
မကြားဘူးဆိုရင်တောင်
နင့်နှလုံးသားကတော့ ကြားမှာပါ…
ချစ်သူ….။

ဇော်သက်ဦး

In: ကဗျာ Posted By: Date: Jul 8, 2011
Comment #1

တစ်ဖက်တည်းတီးလို့
မမြည်နိုင်မှန်းသိပေမယ့်
ငါရအောင် တီးခတ်ခဲ့တာပဲ
နင်မကြားဘူးဆိုတာ
ငါမယုံပါဘူး…
နင့်နားက
မကြားဘူးဆိုရင်တောင်
နင့်နှလုံးသားကတော့ ကြားမှာပါ…
ချစ်သူ….။

commentinfo By: May Kha at Jul 8, 2011
Comment #2

အရမ်းဖတ်လို့ကောင်းတယ်… နောက်ဆုံးအပိုဒ်ကို အကြိုက်ဆုံးပဲ…

commentinfo By: maythi at Jul 8, 2011
Comment #3

🙂 :)ကျေးဇူးတင်တယ်….။ အစ်မ မေခ ရေ…..။ 🙂 🙂

Comment #4

မေသီလည်း ကျေးဇူးနော်….။ 🙂 ကျန်ခဲ့လို့….။

Comment #5

အရမ်းကောင်းပါတယ်
ပြောမပြလောက်အောင်ပဲ

commentinfo By: virus at Jul 8, 2011
Comment #6

သစ်ရွက်ကြွေသံကိုတောင်
ခွေးဟောင်သံ အမှတ်နဲ့
ငါဒေါသထွက်ခဲ့တယ်ဆိုရင်
နင်ယုံမလား…

commentinfo By: Mr.Jugger at Jul 8, 2011
Comment #7

ရပါတယ်… မေခ နဲ့ မေသီဆိုတော့ ရုတ်တရက်ဖတ်လိုက်ရင် တစ်ယောက်ထဲပဲ.. တကယ်ဖတ်တော့မှ ၂ယောက်.. ဟိဟိ

commentinfo By: maythi at Jul 8, 2011
Comment #8

တစ်ဖက်တည်းတီးလို့
မမြည်နိုင်မှန်းသိပေမယ့်
ငါရအောင် တီးခတ်ခဲ့တာပဲ
နင်မကြားဘူးဆိုတာ
ငါမယုံပါဘူး…
နင့်နားက
မကြားဘူးဆိုရင်တောင်
နင့်နှလုံးသားကတော့ ကြားမှာပါ…
ချစ်သူ….။
ကိုဇော်သက်ဦး..အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Jul 8, 2011
Comment #9

နားလည်ပေးတာကျေးဇူးတင်ပါတယ်မေသီရေ…..။ 🙂
အားပေးကြတဲ့ သူတွေကို ကျေးဇူးတင်ပါတယ်.. ဗျာ…။ 🙂

Comment #10

သစ်ရွက်ကြွေသံကိုတောင်
ခွေးဟောင်သံ အမှတ်နဲ့
ငါဒေါသထွက်ခဲ့တယ်ဆိုရင်
နင်ယုံမလား…? ၊
မယုံနဲ့….
နင့်ရဲ့ ယုံကြည်မှုကို
ငါမလိုချင်တော့ဘူး….။

ကမ္ဘာပေါ်မှာရပ် နေခဲ့ပေမယ့်
ငါ့စိတ်တွေက စင်္ကြာဝဠာ ထဲ
လွင့်မျောနေခဲ့တာ
နင့်နဲ့မတွေ့ဖြစ်တဲ့
အချိန်ကတည်းကပါ…။

အားပေးသွားပါတယ် …..ကဗျာလေးက ကောင်တယ်….။

commentinfo By: ကေသရီ at Jul 8, 2011
Comment #11

🙂

commentinfo By: maythi at Jul 8, 2011
Comment #12

တစ်ဖက်တည်းတီးလို့
မမြည်နိုင်မှန်းသိပေမယ့်
ငါရအောင် တီးခတ်ခဲ့တာပဲ
နင်မကြားဘူးဆိုတာ
ငါမယုံပါဘူး…
နင့်နားက
မကြားဘူးဆိုရင်တောင်
နင့်နှလုံးသားကတော့ ကြားမှာပါ…
ချစ်သူ….။..
အားပေးသွားတယ်ဗျ..လက်တက်..လာတယ်…

commentinfo By: အသဲကွဲမိုး at Jul 8, 2011
Comment #13

လက်တက်လာတာတော့ အမှန်ဘဲဗျာ..

commentinfo By: ဖိုးနမ်း at Jul 8, 2011
Comment #14

တစ်ဖက်တည်းတီးလို့
မမြည်နိုင်မှန်းသိပေမယ့်
ငါရအောင် တီးခတ်ခဲ့တာပဲ
နင်မကြားဘူးဆိုတာ
ငါမယုံပါဘူး…
နင့်နားက
မကြားဘူးဆိုရင်တောင်
နင့်နှလုံးသားကတော့ ကြားမှာပါ…
ချစ်သူ….။
ဒီကဗျာထဲက အစ်မအကြိုက်ဆုံးစာသားလေးပါ…
မင်းကဗျာတွေ အရမ်းကောင်းလာတရ်…. ကြိုးစားနော်မောင်လေး…..

commentinfo By: sandi at Jul 8, 2011
Comment #15

အားပေးတဲ့ သူတွေ အကုန်လုံးကိုကျေးဇူးတင်ပါတယ်….။ 🙂 :p

Comment #16

“တကယ်တော့ ငါကိုယ်တိုင်
ဆန္ဒပါလို့သွားခဲ့တာ မှမဟုတ်ပဲ
နင်ဆွဲခေါ်ရာ ပါခဲ့ရတဲ့ ငါပါ…။”

အဲဒီ့နေရာလေးကြိုက်တယ် ကိုဇော်သက်ဦးရေ………………

commentinfo By: စောရယ် at Jul 11, 2011
Comment #17

ကျေးဇူး အထူးတင်တယ်… ညီလေး စောရယ်…။ 🙂

Comment #18

တစ်ဖက်တည်းတီးလို့
မမြည်နိုင်မှန်းသိပေမယ့်
ငါရအောင် တီးခတ်ခဲ့တာပဲ
နင်မကြားဘူးဆိုတာ
ငါမယုံပါဘူး…
နင့်နားက
မကြားဘူးဆိုရင်တောင်
နင့်နှလုံးသားကတော့ ကြားမှာပါ…
ချစ်သူ….။
ရိုက်ချက်က တယ်ပြင်းပါလား….။

commentinfo By: ဆည်းဆာ(ရဲသူ) at Jul 12, 2011
Comment #19

ကျေးဇူး သယ်ရင်းေ၇…..။

Leave Comments

Name*

Email*
Website
Email me whenever there is new comment